We have 393 guests and no members online

တောင်ကြီး နိုဝင်ဘာ - ၁၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ်မှ လွှတ်တော်(၃)ရပ်၏ ကိုယ်စားလှယ်လောင်းများရရှိသည့် မဲစာရင်းရလဒ်များကို နိုဝင်ဘာလ(၁၀)ရက် ညနေပိုင်းက တောင်ကြီးမြို့ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရလဒ်စာရင်း ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)မှ လွှတ်တော်(၃)ရပ်စလုံးမှာ ဆန္ဒမဲအများဆုံးရရှိတာကာတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးအုန်းဝင်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)မှ ရရှိသောဆန္ဒမဲ စုစုပေါင်း (၁၁၂၈ဝ၈)မဲ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၄) မှာ ဦးအောင်ကိုကို (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)မှ ရရှိသောဆန္ဒမဲ စုစုပေါင်း (၁၂၃၃၈၄)မဲ၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှာ ဦးစိုးညွှန့်လွင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)မှ ရရှိသောဆန္ဒမဲ စုစုပေါင်း(၆၁၃၄၇)မဲ နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)တွင်ဒေါက်တာ ဒေါ်သန်းငွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)မှ ရရှိသော ဆန္ဒမဲ စုစုပေါင်း(၅၂၂ဝဝ)မဲ တို့ဖြစ် ကြောင်းသိရသည်။

ကျန်ရှိသည့် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်စာရင်းများကို နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကော်မရှင်ထံမှ သိရသည်။ တောင်ကြီးမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးမှာ နိုင်ငံရေးပါတီ(၁၅)ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း (၆၈)ဦးတို့ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ကြောင်း သိရှိရပါသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943