တောင်ကြီး အောက်တိုဘာ - ၁၂
ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးများမှ အလှူငွေကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုးဟိန်းမှ ပေးအပ်လှူဒါန်း၍လည်းကောင်း၊ Kyaukse Silk Co.,Ltd ၊ Myanmar Silk Co.,Ltd တို့မှ Medical Masks (၄၈၀၀၀)ခု၊ Face Shield (၃၀၀၀)ခု၊ Hand Gel (၈)ဖာ (၃၂၀)ဗူးတို့ကို လှူဒါန်းပေးကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉၂၅၀၁၃၂၉၄၃