We have 68 guests and no members online

လွိုင်လင် အောက်တိုဘာ   -   ၈

new 20

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အတွင်းရှိ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ အနာကြီးရောဂါကုဂေဟာရှိသူများအတွက် ထောက်ပံ့ကြေးငွေ (၆၈.၅)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ(၇)ရက် ညနေ(၃)နာရီခွဲက အနာကြီးရောဂါကုဂေဟာခန်းမတွင် ကျင်းပကြောင်းသိရသည်။

ဟိုခိုက်အနာကြီးရောဂါကုဂေဟာတာဝန်ခံ Fh. Tacisio Kyaw Aye ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ အနာကြီးရောဂါကုဝေဒနာရှင်များအတွက် သွားလာရေးအခက်အခဲရှိသောကြောင့် လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးလင်းရေးနှင့် အနာကြီးရောဂါဝေဒနာရှင်(၁၃၇)ဦးအတွက် ငွေ(၆၈.၅)သိန်း လာရောက်ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ဟိုခိုက်အနာကြီးရောဂါကုဂေဟာတာဝန်ခံ Fh. Tacisio Kyaw Aye မှတင်ပြချက်များကို မိမိတို့၏အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အနာကြီးရောဂါဝေဒနာရှင် (၁၃၇)ဦးအတွက် ငွေကျပ်(၆၈.၅)သိန်းကိုပေးအပ်ရာ ဟိုခိုက်အနာကြီးရောဂါကုဂေဟာတာဝန်ခံ Fh. Tacisio Kyaw Aye မှ လက်ခံရယူပြီး အနာကြီးရောဂါဝေဒနာရှင်များကိုလည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃