We have 646 guests and no members online

တောင်ကြီး   မေ  −   ၂၄

new 699

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၉)ကို မေ(၂၄)ရက်မွန်းလွှဲ(၂)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်စရာများကို ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ပေးကြရန် စီမံကိန်းရေးဆွဲနိုင်ရေးအတွက်လည်းကော်မတီအနေဖြင့် လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့စည်းတာဝန်ပေးအပ် သွားရန်နှင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ကော်မတီအနေဖြင့် အတည်ပြုမိန့်ခွင့်ပြုနိုင်ခဲ့သော အရေအတွက်အားဖြင့်နည်းပါး နေသေးသောကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန် ကော်မတီဝင်များအားလုံးမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဦးလေးနိုင်မှ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း စီမံကိန်းရေးဆွဲနိုင်ရန်အတွက် လုပ်ငန်းစဉ်အဆင့်များနှင့် ခန့်မှန်းကာလအနှစ်ချုပ်ဖော်ပြချက် မူကြမ်းအား ရှင်းလင်း ဆွေးနွေးတင်ပြပြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များမှ ပါဝင်ဆွေးနွေးကာ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943