We have 565 guests and no members online

တောင်ကြီး မေ −  ၂၄

new 700

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့်အတူ မေ(၂၄)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် (call)ခန်းမ၌ ကမ္ဘာ့ဘဏ်မှ Mr. Sunil Kumar Khosla ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Sunil Kumar Khosla မှ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ကမ္ဘာ့ဘဏ်မှ လျှပ်စစ်ကဏ္ဍများကို ဆောင်ရွက်ပေးနေမှုအား လာရောက်ရှင်းလင်းရခြင်း ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့သည် ကမ္ဘာ့ဘဏ်တွင် ၂၀၁၂ခုနှစ်တွင်ပြန်လည်ပါဝင်လာပြီး မြန်မာနိုင်ငံကို စတင်ကူညီခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်အားပေးစက်ရုံအဟောင်းနှင့် အသစ်များကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ သဘာဝဓာတ်ငွေ့များကို စက်ရုံဟောင်းနှင့်စက်ရုံသစ်တွင်အသုံးပြုနေကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်အားအသုံးပြုနိုင်ရန်လိုအပ်သဖြင့် အမေရိကန် သန်း(၄၀၀)ဖြင့် မြန်မာနိုင်ငံအတွက် မီးရရှိရေးကူညီပေးနေကြောင်း၊ ကျေးရွာများရှိလမ်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း များမီးရရှိရေးကို ဆောင်ရွက်လိုပါကြောင်း၊ (ksw)သည် ရှမ်းပြည်နယ်တွင်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ project တစ်ခု ပြီးပါက နောက် projectကို စဉ်းစားထားပါကြောင်း ကျေးရွာများတွင်လည်း နောက်ထပ်လျှပ်စစ်မီးရရှိရေးကို စဉ်းစားထား ပါကြောင်း၊ ၂၀၁၆−၂၀၁၇ခုနှစ်၊ ၂၀၁၇−၂၀၁၈ခုနှစ်၊ ၂၀၁၈−၂၀၁၉ခုနှစ်များတွင် ကျေးရွာများကို လျှပ်စစ်မီးများရရှိရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောက်ထပ်ကျေးရွာ(၄၇၅)ရွာကိုလည်း ဆောင်ရွက်ပေးရန်ရှိပါကြောင်း ဆွေးနွေးပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလိုကမ္ဘာ့ဘဏ်မှ Mr. Sunil Kumar Khosla ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေး နိုင်မည့်ကဏ္ဍများရှိပါက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်နှင့်လက်တွဲ၍ ဆောင်ရွက်ပေးရန်နှင့် ရှမ်းပြည်နယ် တွင်အဓိကလိုအပ်ချက်များကို ဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ ဆွေးနွေးပြောကြားသွားကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943