We have 407 guests and no members online

တောင်ကြီး မေ  −  ၂၄

new 701

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီနှင့် ချစ်ကြည်ရေး ကုမ္ပဏီလီမိတက် တို့အကြား ချင်းရွှေဟော်အထူးစီးပွားရေးဒေသ ဖော်ထုတ်ခြင်းစီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ MOU သက်တမ်းတိုးမြှင့် ခြင်းအတွက် ဒုတိယအကြိမ်သဘောတူပြင်ဆင်ချက်စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မေလ(၂၃)ရက် မွန်းလွဲ(၂) နာရီက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးအဖွဲ့၊ ပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က နားလည်မှု စာချွန်လွှာ MOU သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း ဆိုင်ရာများနှင့် ပက်သက်၍ ရှင်းလင်းပြောကြားပြီး ကုမ္ပဏီလီမီတက်မှ အကြံပေးဦးယုမောင်က နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ချစ်ကြည်ရေးကုမ္ပဏီမှ အဓိကထားဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးအဖွဲ့၊ ပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ပြည်နယ်လျှပ်စစ်၊ စက်မှုလက်မှုနှင့်စွမ်းအင်ဝန်ကြီးစိုင်းရှဲန်တစ်လုံတို့နှင့် ချစ်ကြည်ရေး ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူတို့နှင့် ဒုတိယအကြိမ် သဘောတူပြင်ဆင်ချက်စာချုပ်အား လက်မှတ်ရေးထိုးကြပြီး သဘောတူ ပြင်ဆင်ချက်စာချုပ်များကို လဲလှယ်ပေးအပ်ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးအဖွဲ့၊ ပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကော်မတီဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်နှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊ ထင်းရှုးမြိုင်အိမ်ရာ စီမံကိန်းတည်ဆောက်ရန်အတွက် လုပ်ငန်းသဘောတူစာချုပ်ကို တတိယအကြိမ် ပြင်ဆင်သည့်စာချုပ်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းစာချုပ် ချုပ်ဆို ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943