တောင်ကြီး မေ  -  ၂၃

new 702

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနတာဝန်ရှိသူများနှင့်အတူ မေ(၂၃)ရက် နံနက်(၉)နာရီက ပေါင်လင်းကျေးရွာအုပ်စု၊ လွယ်တန့်ကျေးရွာ၊ လောကချမ်းသာရဘုန်းတော်ကြီးကျောင်း၌ one stop shop ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွေ့လျား ဝန်ဆောင်မှုတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှဒေသခံပြည်သူများအားလုပ်ငန်းဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေး ဌာနမှပြုလုပ်ပြီးသောမွေးဖွားစာရင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနမှပြုလုပ်ပြီးသောနိုင်ငံသားစိစစ်ရေးကဒ်များ၊ အိမ်ထောင်စုဇယားများ၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှပြုလုပ်ပြီးလယ်ယာမြေပုံစံ(၇)များ၊ လျှပ်စစ်ဌာနမှ အိမ်သုံးမီတာများ၊ သစ်တောဦးစီးဌာနမှ စိုက်ပျိုးရန်သစ်ပင်များတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ပြည်နယ် ဝန်ကြီးများနှင့်သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများက ဒေသခံပြည်သူများအားအသီးသီးပေးအပ်ခဲ့ကြပြီး သွားကျန်းမာ ရေးဌာနမှဒေသခံပြည်သူများအားဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ပြည်နယ်ဝန်ကြီးများဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် တောင်ငူ-လိပ်သို-ဖာသို-လွိုင်ကော်-ဟိုပုံးလမ်းတိုးချဲ့ဆောင်ရွက်နေမှုများကိုသွားရောက်ကြည့်ရှုရာ ပြည်နယ်ဆောက်လုပ်ရေး နှင့်လမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးကျော်သီဟကရှင်းလင်းပြီး (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ် ဆီဆိုင်မြို့နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာတွင် စက်မှုလယ်ယာစနစ်တကျ လယ်မြေဧက(၂၀၀)ဖော်ထုတ်ခြင်းလုပ်ငန်း သွားရောက် ကြည့်ရှုရာ ကုန်းမြင့်လယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးလှထွန်းကရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည် များကိုဖြည့်စွက်မှာကြားပြီး လယ်ယာမြေဖော်ထုတ်နေမှုကို ကြည့်ရှုကြကြောင်းသိရသည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် နယ်စပ်ရေးရာ ဝန်ကြီးဌာနပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ဆီဆိုင် မြို့နယ်၊ ဆိုက်ခေါင်သို့ရောက်ရှိလာရာ သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးဦးရွှေဝင်းမှ သင်တန်းကျောင်းနှင့်ပတ်သက် ၍ရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

၎င်းနောက်ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ one stop shop ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူများကကြည့်ရှုပြီး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများအတွက် ပြုလုပ်ပြီးသောနိုင်ငံရေးစိစစ်ရေးကဒ်ပြားများ၊ အိမ်ထောင်စုဇယားများ၊ လယ်ယာမြေပုံစံ(၇)များကိုဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကအသီးသီးပေးအပ်ကြ၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံကာ ဒေသလိုအပ်ချက်များဖြစ်သော လယ်ယာမြေပုံစံ(၇)များ၊ လျှပ်စစ်မီးလင်းရရှိရေး၊ အုပ်စုချင်းဆက်လမ်းများ၊ ရွေ့ပြောင်းအလုပ်သမားများ၊ အလုပ်အကိုင်ရှားပါးသောကြောင့်အလုပ်အကိုင်ရရှိရေး၊ နယ်ပြောင်းရွေ့လာသော ဒေသခံပြည်သူ များ၊ အိမ်ထောင်စုဇယားနိုင်ငံသားစိစစ်ရေးကဒ်ပြားများရရှိရေးတို့ကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကဒေသလိုအပ်ချက်များကို ကဏ္ဍအလိုက်မှတ်သားထားပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသွားကာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ သစ်ပင်များစိုက်ပျိုးပေး ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာအုပ်စု၊ ညောင်မွန်းကျေးရွာရှိထောပတ်ခြံ၊ သစ်သီးနှံအအေးခန်းနှင့် အခြောက်ခံစက်ရုံသို့သွားရောက် ကြည့်ရှုရာစက်ရုံပိုင်ရှင်ဦးခွန်ထွန်းထွန်းဝင်းမှ ရှင်းလင်းကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943