We have 563 guests and no members online

မောက်မယ်   မေ  −  ၁၄

new 713

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မေလ(၁၃)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့ OSSရုံးအား ဝင်ရောက်ကြည့်ရှု၍ ဒေသခံပြည်သူများမှ အိမ်ထောင်စုဇယားလာရောက်ဆောင်ရွက်နေသည်ကို အားပေးစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ပြည်နယ်ဝန်ကြီးများကဆောင်ရွက်ပြီးသော အိမ်ထောင်စုဇယားများကို ဒေသခံပြည်သူများအား ပေးအပ်ကြကြောင်းသိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် အတူ မိုးနဲ−မောက်မယ် တံတားအမှတ်(၂/၂၇) တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုကာ လမ်းတံတားဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးကရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကိုဖြည့်စွက်မှာကြားပြီး၊ အဆိုပါ မိုးနဲ−မောက်မယ်တံတားသည်

အုတ်မြစ်တံတားဖြစ်၍ တံတားအောက်သံကူကွန်ကရစ်၊ တံတားအပေါ်ထည်သံကူကွန်ကရစ်ရက်မ+သံကူကွန်ကရစ်ကြမ်းခင်း၊

တံတားအရှည်(၆၀)ပေ (၁၈.၃)မီတာ၊ တံတားအကျယ်ပေ(၃၀) ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်(၃)ပေစီ တံတားကင်းလွတ်နယ်အကျယ် (၅၅)ပေ၊ အမြင့်(၃)ပေ(၁၀)လက်မ၊ တံတားခံနိုင်ဝန် (၇၅)တန်၊ လုပ်ငန်း စတင်ရက် ၂၀၁၈ခုနှစ်အောက်တိုဘာ(၁)ရက် တံတားပြီးစီးမှု ၂၀၁၉ခုနှစ် စက်တင်ဘာ (၃၀)ရက်နှင့် စီမံကိန်းကျပ်(၁၈၀)သန်း ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ကျွန်းတောင်−ကျောက်တလုံးကြီး၊ နောင်ယာဆိုင်း−ဆိုက်ခေါင်−မောက်မယ်လမ်း၊ တံတားအမှတ်(၉/၄၅) ပွန်ချောင်းတံတား တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုကာ လမ်းတံတားဦးစီး ဌာနမှတာဝန်ရှိသူ တစ်ဦးကရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကိုဖြည့်စွက်မှာကြားပြီး၊ အဆိုပါ ပွန်ချောင်း တံတားသည် အုတ်မြစ်တံတားဖြစ်၍ တံတားအောက်သံကူကွန်ကရစ်၊ တံတားအပေါ်ထည် သံကူကွန်ကရစ်ရက်မ+သံကူ ကွန်ကရစ် ကြမ်းခင်း၊ တံတားအရှည်(၁၉၀)ပေ (၅၇.၉)မီတာ၊ တံတားအကျယ်ပေ(၃၀) ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ လူသွားလမ်း အကျယ် တစ်ဖက်(၃)ပေစီတံတားအောက်ရေလမ်းကင်းလွတ်နယ်အကျယ် (၉၅)ပေ၊ အမြင့်(၃)ပေ၊ တံတား ခံနိုင်ဝန် (၇၅)တန်၊ လုပ်ငန်းစတင်ရက် ၂၀၁၈ခုနှစ် အောက်တိုဘာ (၁)ရက် စီမံကိန်းတန်ဖိုး၂၀၁၈−၂၀၁၉ ကျပ် (၄၈၀)သန်း ၂၀၁၉−၂၀၂၀ ကျပ်(၂၉၀)သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943