We have 655 guests and no members online

တောင်ကြီး မေ − ၁၀

new 715

ရှမ်းပြည်နယ်စာရင်းစစ်ချုပ်နှင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး တောင်ကြီးခရိုင်/ မြို့နယ်စာရင်းစစ်ရုံးများ၁/၂၀၁၉ လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကို မေ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးဟောင်း၌ ကျင်းပ ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများက လုပ်ငန်းဆိုင်ရာဆွေးနွေးတင်ပြခြင်းကို တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ် အသီးသီးတို့မှ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးဒုတိယညွှန်ကြားရေးမှူး ဌာနခွဲ(၁)(၂)(၃) မှဒုတိယညွှန်ကြားရေးမှူး များက စီမံရေးရာများ၊စစ်ဆေးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြကာ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီး၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းက နိဂုံးချုပ်စကား ပြောကြား ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943