We have 410 guests and no members online

တောင်ကြီး မေ - ၁၀

new 716

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝတ်စံပယ်တော်မူမည့် ရွှေထီးတော်၊ ငှက်မြက်နားတော်၊ ရတနာစိန်ဖူးတော်များ ကို မေ ၉ ရက် ညနေ ၅ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်း၌ အပူဇော်ခံလျက်ရှိကြောင်းသိရသည်။

ပထမဦးစွာ စိန်ဖူးတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ လည်းကောင်း၊ ငှက်မြက်နားတော်ကို ရှမ်းပြည်နယ်သာသနာရေးတာဝန်ခံ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံ့ဆိုင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဦးဇော်ခင်အောင်၊ ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးခင်အောင်တို့မှ လည်းကောင်း၊ အရံ စေတီတော်အား ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဦးဇော်ဇော်(ဟီးရိုးမြန်မာကုမ္ပဏီ)တို့မှ လည်းကောင်း၊ အရံစေတီ ရွှေထီးတော် အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလိုင်ခန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း တို့မှလည်းကောင်း၊ ရွှေထီးတော်အား ပြည်နယ်သာသနာရေးမျူး ဦးသိန်းဌေးမှလည်းကောင်း၊ ရွှေထီးတော်ဘုံအဆင့်ဆင့်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူး ဦးထင်ကျော်အေး၊ ညွှန်ကြားရေးမှူး ဦးကျော်ဇာနည်လွင်၊ ပြည်နယ်မီးသတ် ဦးစီးမှူး ဦးတင်မင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်၊ စူဠာမုနိလောကချမ်းသာ စေတီတော်ဥက္ကဋ္ဌ ဦးညိုလုံး၊ ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးအေးကို၊ ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်၊ ရှမ်း/တောင် ပရဟိတအသင်းမှ ဦးကျော်သန်း၊ ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကြည်ဦး၊ ဘဏ္ဍာရေးတာဝန်ခံ ဦးတင်ထွန်းအောင်၊ မော်တော်ယာဉ်ထိန်းသိမ်းရေးဌာန ဥက္ကဋ္ဌ ဦးသန်းကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ ပြည်နယ်သာသနာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းတို့မှ အသီးသီးပင့်ဆောင်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သြကာဿ ကန်တော့ချိုးဖြင့် ကန်တော့ကာ အဆိုပါ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝတ်စံပယ်တော်မူမည့် ရွှေထီးတော်၊ ငှက်မြက်နားတော်၊ ရတနာစိန်ဖူးတော်များကို မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ပင့်ဆောင်အပူဇော်ခံလျက်ရှိကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943