We have 633 guests and no members online

တောင်ကြီး           မေ    −   ၁၀

new 717

ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ပထမအကြိမ် (၁/၂၀၁၉) အစည်းအဝေးကို မေ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ကျင်းပကြောင်းသိရသည်။

ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဉက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် အစိုးရအဖွဲ့သည် ယခင်ဥပဒေဟောင်းများကို ပယ်ဖျက်ပြီး ဥပဒေအသစ်ကို ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေအဟောင်းကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး လိုင်စင်ဆိုင်ရာခွင့်ပြုချက်များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေကို ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၆ အဖြစ် ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ ယခုဥပဒေအသစ်အရ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ ခရီးသွား လုပ်ငန်း ကော်မတီနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဟုဆိုပြီး ကော်မတီ(၃)ရပ်ဖွဲ့စည်းထားပါကြောင်း၊ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး/    ပြည်နယ်အလိုက် ဖွဲ့စည်းထားသောဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက ခရီးသွားလုပ်ငန်း ဆိုင်ရာ လိုင်စင်များကို ခွင့်ပြုပေးမည် ဖြစ်သည့်အတွက် ဥပဒေအသစ်သည် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကို လိုင်စင် ဆိုင်ရာ လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့ပေးခဲ့သည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် စနစ်တကျဆောင်ရွက်ရန် လိုအပ်မှာဖြစ်၍ ကော်မတီသည် ခရီးသွားဆိုင်ရာကိစ္စရပ်များ၏ အားသာချက်များကို ရေရှည်တည်တံ့ဖွံ့ဖြိုးအောင်ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်း ရန်လိုအပ်သလိုအားနည်းချက်များကိုလည်း လျော့နည်းပပျောက်စေရန် ဝိုင်းဝန်းလုပ်ဆောင်ရမှာဖြစ်ပြီး၊ ယနေ့ တက်ရောက် လာသည့် ကော်မတီများအနေဖြင့် ရှမ်းပြည်နယ်၏ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်ရာတွင်စေတနာ၊ အတတ်ပညာကိုအခြေခံထားပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားသွား ကြောင်းသိရသည်။

ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးထင်အောင်နိုင်မှ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှု လုပ်ငန်း တာဝန်များနှင့် လိုင်စင်ဆိုင်ရာတင်ပြချက်များရှင်းလင်းခြင်းနှင့် အစည်းအဝေးတွင်ဆုံးဖြတ်ရန်အချက်များကို တင်ပြပြီး၊ ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များမှ ခရီးသွားလုပ်ငန်းဆိုင်ရာများ ဖြည့်စွက်ဆွေးနွေးကာ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီဉက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943