We have 502 guests and no members online

တောင်ကြီး ဧပြီ - ၃၀

new 739

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၂၅)နှစ်အောက်အမျိုးသား/အမျိုးသမီး စနူကာ/ 9-ball ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ပြည်နယ်ဘိလိယက်/ စနူကာ လေ့ကျင့်ရေးခန်းမ၌ကျင်းပကြောင်းသိရသည်။ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တစ်ဦးချင်းအမျိုးသမီး 9-ball ပြိုင်ပွဲတွင် တတိယဆုရရှိသော ကျိုင်းတုံခရိုင် အသင်းမှ မမေပြည့်စုံဖြိုးအား ဆုတံဆိပ်နှင့် ငွေသား (၈)သောင်း၊ ဒုတိယဆုရရှိသော တောင်ကြီးခရိုင် အသင်းမှ မခင်သီရိကျော်အား ဆုတံဆိပ်နှင့် ငွေသား (၁)သိန်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင် အသင်းမှ မသိမ့်သ ဉ္ဇာဦးအား ဆုတံဆိပ်နှင့် ငွေသား (၁.၅)သိန်း တို့ကိုတောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် မှဆုချီးမြှင့်ပေး၍လည်းကောင်း၊ တစ်ဦးချင်း စနူကာပြိုင်ပွဲတွင် ပွဲစဉ်တစ်လျောက် အမြင့်ဆုံးရမှတ်နှင့် ပူးတွဲတတိယဆုရရှိသော တောင်ကြီးခရိုင်အသင်းမှ မောင်မျိုးကိုထွေးအား ဆုတံဆိပ်နှင့် ငွေသား(၁.၅)သိန်း၊ တစ်ဦးချင်း စနူကာပြိုင်ပွဲ ပူးတွဲတတိယဆုရရှိသော တောင်ကြီးခရိုင်အသင်းမှ မောင်ကော်ထွဋ်အား ဆုတံဆိပ်နှင့် ငွေသား(၅)သောင်း၊ ဒုတိယဆုရရှိသော တာချီလိတ်ခရိုင်အသင်းမှ မောင်စိုင်းခမ်းလူအား ဆုတံဆိပ်နှင့် ငွေသား(၂)သိန်းတို့ကို ပြည်နယ်အဆင့်တာဝန်ရှိသူများက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင် အသင်းမှ မောင်ကမ္ဘာလင်းအား ဆုတံဆိပ်နှင့် ငွေသား(၃)သိန်းကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဆုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး) 09−250132943