We have 85 guests and no members online

တောင်ကြီး ဧပြီ- ၂၆

new 741

၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဧပြီလ ၂၆ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့် အမှာစကားပြောကြားရာတွင် ပြည်သူလူထုအကျိုးကို ရှေးရှုရန်ဆိုသည့် ခိုင်မာသော သန္ဓိဌာန်ချမှတ်ထား ပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများကို မလဲမသွေရရှိမှာဖြစ်ပါကြောင်း၊ သတင်းအချက် အလက်နှင့် ခေတ်မီနည်းပညာများကို လက်လှန်းမီလာခြင်းမှာလည်း ပြည်သူလူထုထံသို့ ကျန်းမာရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ပိုမိုရောက်ရှိစေပြီး ပြည်သူလူထုပူပေါင်းပါဝင်မှုကို မြင့်မား အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် Mobile Tablet များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုမှ ကျန်မာရေးဝန်ထမ်းများသို့ ဖြန့်ဝေထားပြီး မကြာခင် ရှမ်းပြည်နယ်ကိုလည်း ဖြန့်ဝေပေးမည်ဟု ကြားသိရပါကြောင်း၊ Mobile Tablet များနှင့် နည်းပညာသစ်များ ကို လေ့လာနိုင်ယုံသာမက ဗဟိုမှ ကျေးလက်အထိ ဆက်သွယ်ရေးလမ်းကြောင်း ပိုမိလွယ်ကူသွားမည် ဖြစ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သူဇာချစ်တင်က ကျန်းမာရေးလုပ်ငန်းများ စွမ်းဆောင်ရည်ထူးချွန်ဆု ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားသည်။

ထို့နောက် ၂၀၁၉ ခုနှစ် စံပြမြို့နယ်ဆေးရုံဆုရ ပင်လောင်းမြို့ ပြည်သူ့ဆေးရုံ၊ ကွတ်ခိုင်မြို့ ပြည်သူ့ ဆေးရုံ၊ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၊ စံပြတိုက်နယ်ဆေးရုံဆုရ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ဆေးရုံ၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲတိုက်နယ်ဆေးရုံ၊ မိုင်းယောင်းမြို့နယ် မိုင်းယုတိုက်နယ်ဆေးရုံ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကောင်းမွန်သော မြို့နယ်ဆုရရှိသော ရွာငံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ အတိုးတက်ဆုံး မြို့နယ်ဆုရရှိသော လဲချားမြို့ ပြည်သူ့ဆေးရုံ၊ ပန်ဆန်း (ပန်ခမ်း) ပြည်သူ့ဆေးရုံ၊ မိုင်းခတ် မြို့ ပြည်သူ့ဆေးရုံ၊ အတိုးတက်ဆုံး တိုက်နယ်ဆေးရုံဆုရရှိသော ကလောမြို့နယ် ဘော်ဆိုင်းတိုက်နယ် ဆေးရုံ၊ သိန္နီမြို့နယ် နမ့်စလပ်တိုက်နယ်ဆေးရုံ၊ တာချီလိတ်မြို့နယ် တာလေတိုက်နယ်ဆေးရုံ၊ ဆေးကုသမှု လုပ်ငန်းဆောင်ရွက်မှုထူးချွန်သည့် မြို့နယ်ဆေးရုံဆုရရှိသော ဖယ်ခုံမြို့ ပြည်သူ့ဆေးရုံ၊ ကွမ်းလုံမြို့ ပြည်သူ့ ဆေးရုံ၊ မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၊ ဆေးကုသူမှု လုပ်ငန်းဆောင်ရွက်မှုထူးချွန်သည့် တိုက်နယ်ဆေးရုံဆု ရရှိသော ပင်းတယမြို့နယ် မိုင်းအင်တိုက်နယ်ဆေးရုံ၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတိုက်နယ်ဆေးရုံ၊ မိုင်းပျဉ်းမြို့နယ် တုံတာတိုက်နယ်ဆေးရုံတို့အား ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်ပြခန်းများအား ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)