We have 668 guests and no members online

တောင်ကြီး ဧပြီ - ၅

new 749

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ဧပြီ ၅ ရက် နံနက် ၁၀နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၁၄၀) ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ (၉)ဦးရှိပြီး အစည်းအဝေးသို့ (၁၃၁)ဦး တက်ရောက်သဖြင့်(၉၃.၅၇) ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၉)ဦး တို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှသဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကိုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၈) ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေမြန်း ကြောင်းနှင့် မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ဥပဒေနှင့်အညီ တင်သွင်းထားသော ဒုတိယအကြိမ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေ မူကြမ်းအား ဂုဏ်ယူဝမ်းမြောက် ကြိုဆိုကြောင်း အရေးတကြီးအဆိုကို နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးတေဇာအောင်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ကျော်နိုင်၊ လွိုင်လင် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်တီဂေါလ်တို့မှ အဆိုကိုထောက်ခံ ကြောင်းဆွေးနွေးပြီး ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် နှင့် မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်းတို့က မှတ်တမ်းအဖြစ်ထားရှိပေးရန် အသီးသီးဆွေးနွေးကြပြီး ယင်းအဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်းနှင့် အဆိုကိုအတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေငြာသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး၊ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစီအစဉ်ပြီးမြောက်ကြောင်းသိရှိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူ များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)