တောင်ကြီး ဖေဖော်ဝါရီ - ၂၅

new 796

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၁၆ ကုတင် ဆံ့တိုက်နယ်ဆေးရုံတည်ဆောက်ရန်ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲကျေးရွာ အဆိုပါဆေးရုံတည် ဆောက်မည့်နေရာ၌ကျင်းပခဲ့ကြောင်းသိရသည်။

ပထမဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးခွန်မောင်ဖြူနှင့်တာဝန်ရှိသူတို့က သတ်မှတ်နေရာ များတွင်နေရာယူ၍ မင်္ဂလာချိန်ကျရောက်သည်နှင့်ပန္နက် တိုင်များရိုက်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆိုဒ်တာဝန်ခံ ဦးဆွေဖုန်းက (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံတည်ဆောက်ရေးဆိုင်ရာများနှင့်ဝန်ထမ်း၊ ဆရာဝန်၊ သူပြုဆရာမများ၏ အိမ်ရာများ တည်ဆောက်မည့်ပုံစံများကိုရှင်းလင်းပြသရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြော င်းသိရသည်။

အဆိုပါ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲတိုက်နယ် (၁၆)ကုတင်ဆံ့ဆေးရုံကိုမြို့ ပြနှင့်အလှမ်း ကွာသည့်ကျေးလက်နေ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦး စီးဌာန၏၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ (၆၃၈.၃)သန်းဖြင့် Shan Home Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန် ယူဆောက်ရွက်သွားမည်ဖြစ်ပြီး၊ ဆေးရုံမှာ အလျား(၁၄၁)ပေ၊ အနံ(၁၄၁)ပေရှိ RCတစ်ထပ် ပင်မအဆောက်အဦ၊ (၂)ခန်းတွဲ၊ ဆရာဝန်နေအိမ် (၃)ခန်းတွဲ၊ ဝန်ထမ်းအိမ်ရာ၊ (၄)ခန်းတွဲသူနာပြုအိမ်ရာနှင့် (၄)ခန်းတွဲဝန် ထမ်းအိမ်ရာတို့ ပါရှိကြောင်းသိရသည်။

အစရ(ရှမ်း)