We have 151 guests and no members online

ကေလာ ဇန်နဝါရီ - ၁၅

new 807

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အ.ထ.က (၁)ကလော ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ(၁၄)ရက် နံနက် (၁၀)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြခိုင်၊ ကျောင်းအကျိုးတော်ဆောင် ဦးမြသောင်းတို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အမှာစကားပြောကြားပြီး အားကစားပစ္စည်းမျိုးစုံနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၀၀)လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံယူခဲ့ကြောင်း၊ ပညာရေးစုံညီပွဲဖြစ်မြောက်ရေးအတွက် ကူညီလှူဒါန်းပေးခဲ့ကြသော အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ဘက်စုံထူးချွန်ဆု အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်(၃)နှစ်ဆက်တိုက်ရရှိခဲ့သူ သတ္တမတန်းမှ မောင်လင်းမာန်ခန့်အား ပြည်နယ်လူမှုရေးဝန်ကြီးမှ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ပညာရေးမှူးဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်နှင့် မြို့နယ်အုပ်ချူပ်ရေးမှူး ဦးခင်မင်းတို့မှ ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။

၎င်းနောက် ကျောင်းအကျိုးတော်ဆောင် ဦးမြကောင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး နဝမတန်းကျောင်းသူများမှ "မလေးလက်ခတ်သံ"သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းထိုက်၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်၊ ကလောမြို့နယ်အုပ်ချူပ်ရေးမှူး ဦးခင်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၈၀၀) ဦးခန့် တက်ရောက်ကြောင်းသိရသည်။

အစရ(ရှမ်း)