We have 67 guests and no members online

မူဆယ် ဒီဇင်ဘာ   -   ၁၇

new 846

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများ၊ ကုန်စည်စီးဆင်းမှု အခြေအနေများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အား ရှင်းလင်းခြင်းကို ဒီဇင်ဘာ (၁၇)ရက် နံနက်(၉)နာရီက မူဆယ်ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်မှ မူဆယ်ခရိုင် အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုအခြေအနေများ၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုများ၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ယာဥ်အခြေအနေများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်ကမ်း ဆောင်ရွက်မှုများ၊ နှစ်နိုင်ငံနယ်စပ် ယာဥ်ကြောကျပ်တည်းမှု အခြေအနေများ စသည်တို့ကို ရှင်းလင်းတင်ပြကြောင်း သိရသည်။

ဆက်လက်၍ ကုန်စည်စီးဆင်းမှုနှင့် ပတ်သက်၍ မူဆယ်(၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဇုန် ကိစ္စရပ်များကို ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးမှ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မူဆယ်ဒေသသည် အခက်အခဲဖြင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာတွင် ဖြေရှင်းရမည် ဆိုတာသိရပါကြောင်း၊ မူဆယ်ခရိုင်၏ ပြရုပ်ဖြစ်သည့် မြို့ တော်ခန်းမ ကိစ္စရပ်များလည်း ဆောင်ရွက်ပေးနိုင်ကြရန်နှင့် ကုန်သွယ်ရေး ကိစ္စရပ်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးမှ ညွှန်ကြားရေးမှူး တင်ပြသည့်အတိုင်း အခက်အခဲများ တွေ့ရှိရသည်ကို သိရှိရပါကြောင်း၊ နယ်စပ်နိုင်ငံများနှင့် နီးစပ်နေသောကြောင့် သည်းခံရပါကြောင်း၊ Covid-19 ရောဂါ နှင့်ပတ်သက်၍ မှာကြားလိုသည်မှာ Mask တပ်ပေးကြရန်၊ လက်မကြာခဏဆေးပေးကြရန်၊ အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အဆောက်အဦ ပျက်စီးနေမှုအား ကြည့်ရှုပြီး အသစ်အဖြစ် ရိပ်သာနှင့် စားရိပ်သာ တည်ဆောက် ရန်ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းပြီး မူဆယ်ပြည်သူ့ဆေးရုံတွင် Covid-19 ရောဂါပိုးဓါတ်ခွဲခန်းအား လှည့်လည်ကြည့်ရှုကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပေးအပ်ရာ တာဝန်ရှိသူမှ လက်ခံရယူကြပြီး မူဆယ်ပြည်နယ် အားကစားကွင်း၌ ဖွင့်လှစ်ထားသော Quarantine Center ဝင်ရောက်နေသူများအတွက် မူဆယ်ဂရုဏာလူမှုရေးကူညီမှုအသင်းအား ကျန်းမာရေး ထောက်ပံ့ပစ္စည်း၊ ကြက်ဥ၊ ဆီနှင့်ထောက်ပံ့ငွေ(၁၀)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများမှ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943