We have 567 guests and no members online

တောင်ကြီး ဧပြီ-၁

23
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးတို့သည် ဧပြီ (၁)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနအဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ ကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ အားလုံးအသိဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒအတိုင်း တစ်သွေမတိမ်းဆောင်ရွက်သွားကြရန် ပြင်ဆင်နေသည်ကို တိုင်းဒေသကြီး/ ပြည်နယ်နှင့် ယနေ့တက်ရောက်လာ သည့် သက်ဆိုင်ရာဌာနများ သိရှိမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် ကျယ်ပြန့်ပြီး သွားရေးလာရေးခက်ခဲကာ လူမျိုးပေါင်းစုံများသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မှာကြားချက် အတိုင်း ရှမ်းပြည်နယ်ဒေသကို လိုအပ်ချက်များနှင့် မည်ကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ပေးရမည် မှာကြားချက်များ ကို ယခုသက်ဆိုင်ရာဌာနနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာဝန်ရှိသူများကို ခေါ်ယူကာ ညှိနှိုင်းတိုင်ပင်၍ လုပ်ငန်း များ အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းနှင့်ပတ်သက်၍ အားလုံးဝိုင်းဝန်းညှိနှိုင်းချပြကာ ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ လမ်းဦးစီးဌာန(ရှမ်းပြည်နယ်အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလင်းနှင့် လမ်းဦးစီး ဌာန(ရှမ်းပြည်နယ်တောင်ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရဇော်တို့မှ လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြ ၍လည်းကောင်း၊ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန(ရှမ်းပြည်နယ်အရှေ့ပိုင်း) ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်နှင့် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန(ရှမ်းပြည်နယ်တောင်ပိုင်း) ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး တို့မှ လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းတို့မှ ဆွေးနွေးတင်ပြကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားသွားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)
09-250132943