We have 444 guests and no members online

တောင်ကြီး ဧပြီ - ၁

24
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကို ဧပြီ (၁)ရက် နံနက် (၁၀)နာရီခွဲ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက တောင်သူလယ်သမားများ၏ လက်ရှိစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ယာမြေများအား လယ်ယာ မြေ ဥပဒေနှင့်အညီ သားစဉ်မြေးဆက် အဆက်ဆက် ဘဝအာမခံချက်ရရှိရေးနှင့် ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရရှိရေး အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ထုတ်ပေးခြင်း လုပ်ငန်းကို ခရိုင်/မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှာ စီမံချက်ရေးဆွဲ၍ ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များနှင့်ပတ်သက်လို့လည်း အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော မူလပိုင်ရှင် တောင်သူများအား နစ်နာမှုမရှိစေရေးဘက်မလိုက်ဘဲ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျေးလက်ဒေသများနှင့် မြို့ပြဒေသများတွင် တိုးပွား လာသော အိမ်ထောင်စုများ အိမ်ရာတည်ဆောက်နိုင်ရန်၊ ကျေးလက်နှင့် မြို့ပြအိမ်ရာစီမံကိန်းများ၊ လူနေမှုဘဝ ဖွံ့ဖြိုး ၏တိုးတက်ရေးနှင့် သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုဿာန်၊ သာသနာမြေနှင့် အခြားလိုအပ်သော အဆောက်အအုံများအတွက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေနှင့်အညီ စိစစ် ဆွေးနွေးဆုံးဖြတ်ပေးရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားသည့် ကိစ္စရပ်များအပေါ် ရပ်ကျေး လယ်/စီ၊ မြို့နယ်လယ်/စီ၊ ခရိုင်လယ်/စီအဖွဲ့များမှ ဆုံးဖြတ်ခဲ့သည့်အမိန့်အပေါ် ကျေနပ်မှုမရှိ၍ ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရောက်သည့် အမှုတွဲများနှင့် ပတ်သက်၍လည်း တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် အညီ စိစစ်ခြင်း၊ ကြားနာခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်းများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လယ်ယာ မြေပေါ်တွင် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့် မရရှိသေးဘဲ ကျူးကျော်ဆောက်လုပ်နေမှုများနှင့်ပတ်သက်၍ ရပ်/ကျေးလယ်/စီ၊ မြို့နယ်လယ်/စီ၊ ခရိုင်လယ်/စီများမှ အဆင့်ဆင့် ကြီးကြပ်စစ်ဆေးပြီး တည်ဆဲလယ်ယာမြေ ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြေားကြားသွားသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ပြည်နယ်မြေစာရင်းနှင့် စာရင်းအင်း စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းမှ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ပြည့်နှစ်) ရှင်းလင်းတင်ပြခြင်းနှင့် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တင်ပြချက်များ ဆွေးနွေးဆုံးဖြတ်ကြပြီး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစာကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)
09-250132943