We have 474 guests and no members online

တောင်ကြီး ဧပြီ - ၈

27
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကို ဧပြီ (၈)ရက် နံနက် (၁၀)နာရီခွဲ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်ဖို့အတွင် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုစီးဝင်လုပ်ကိုင်လာကြဖို့ ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခင်ကော်မတီလက်ထက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတဲ့မပြီးပြတ်သေးတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း မြန်မြန် ဆန်ဆန် ခွင့်ပြုပေးနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ဖြစ်ကြောင်း၊ ကော်မတီအတွင်းရေးမှူးကလည်း ဒီနေ့အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ ယခင်ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ဖို့ စီမံထားသည့်ကိစ္စများကို ရှင်းလင်းတင်ပြမှာဖြစ်သည့်အတွက် ကော်မတီဝင်များမှ မရှင်းလင်းမှုများကိုဖြည့်စွက်ဆွေးနွေးသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများနဲ့ ထုတ်ပြန်ထားသည့် ဦးစားပေးကဏ္ဍပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ Covide-19 ကာလ ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်မှုမြှင့်တင်ရေးစီမံကိန်းပါ ဦးစားပေးကဏ္ဍများနှင့် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလမှာ ကာလတိုအတွင်း အကျိုးရရှိမည့် Quick win လုပ်ငန်းများကိုလည်း ရှာဖွေဖော်ထုတ်ပြီး မြန်မြန်ဆန်ဆန် ခွင့်ပြုပေးသွားဖို့ ကော်မတီဝင်များမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ဒါ့အပြင် After care Service ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုအလွန် ကွင်းဆင်းဝန်ဆောင်မှုပေးခြင်းကိုလည်း အလေးထားဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းပြီး တာဝန်ပေးအပ်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများကို လည်း သတ်မှတ်ချိန်အမှီပြီးစီးရေး မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြရန် အထူးမှာကြားလို ကြောင်း၊ ပြည်နယ်အတွင်းမှာရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ လုပ်ကိုင်နိုင်ရေးနှင့် ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံအမှုအသစ်များ ပိုမိုစီးဝင်လာစေရေးအတွက် မိမိတို့တာဝန်ရှိသည့်အတိုင်း ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လေးလေးနက်နက် တိုက်တွန်းလိုပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလေးနိုင်မှ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ ယခင်ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ဖို့ စီမံထားသည့်ကိစ္စများကို ရှင်းလင်းတင်ပြခြင်းနှင့် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တင်ပြချက်များ ဆွေးနွေးဆုံးဖြတ်ကြပြီး တက်ရောက် လာသူများမှ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစာကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးရုံး