We have 72 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး ဧပြီ - ၈

29
ရှမ်းပြည်နယ်အတွင်း covid-19 ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များ အသီးသီးတွင် ဒေသခံပြည်သူများနှင့် ၀န်ထမ်းများအား ပထမအကြိမ်အဖြစ် မတ်လ ၁၀ ရက်နေ့က covid-19 ရောဂါကာကွယ်ဆေး ထိုးနှံ့ပေးခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီက ဒုတိယအကြိမ်အဖြစ် covid-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင် များ လာရောက်ထိုးနှံလျက်ရှိပြီး ပထမအကြိမ်က မထိုးရသေးသည့် ဒေသခံပြည်သူနှင့် ၀န်ထမ်းများကလည်း လာရောက်ထိုးနှံလျက်ရှိကြောင်းနှင့် ဧပြီလ ၇ ရက်မှ ၁၂ ရက်နေ့ထိ နေ့စဥ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေး၀န်ထမ်းများအပြင် တပ်မတော်ဆေးရုံ အသီးသီးမှ ပါရဂူများနှင့် ၀န်ထမ်းများက ပါ၀င်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး