We have 401 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး ဧပြီ - ၁၂

30
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီ(၁၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှာကြားချက်များကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ထပ်ဆင့်ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံနိုင်ရန် ကြာြပီဖြစ်ကြောင်း၊ လုံခြုံရေးကိစ္စရပ်များ ရှေ့ဆက်ရမည့် နိုင်ငံတော် စီမံအုပ်ချုပ်ရမည့် ကိစ္စရပ်များအတွက် ဆောင်ရွက်ရန် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ခရိုင်/မြို့နယ်၊ ရပ်ကွက်များ၊ ကျေးရွာများနှင့် ပေါင်းစပ်နိုင်ရန် မိမိအနေဖြင့် တာဝန်ယူရခြင်းဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းများကို ပေါင်းစပ်ပေးနိုင်ရန် ‌ပြောကြားလိုကြောင်း၊ အိမ်တစ်အိမ် တည်ဆောက်ရာတွင် ဖောင်ဒေးရှင်း ခိုင်မာမှဖြစ်မည်ဖြစ်ကြောင်း၊ ဒါကြောင့် ယခုဖေါင်ဒေးရှင်းသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြောင်း၊ ဖောင်ဒေးရှင်းခိုင်မာမှ နိုင်ငံတော်၏ ယန္တရားကြီး လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများ COVID-19 ကာကွယ်ဆေးမထိုးရသေးသူများရှိပါက ကူညီဆောင်ရွက်ပေးရန်နှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ မရရှိ သေးသောသူများရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ဆက်သွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုဇယားများရှိမှသာ နောင်လာမည့် ရွေးကောက်ပွဲတွင် မဲများပေးနိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်ပြုလုပ်နိုင်ရန်အတွက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တွန်းအားပေး ကူညီဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်၏ ကိစ္စရပ်များကို အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူုးချုပ် ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုတို့မှ ရှင်းလင်းဆွေးနွေး တင်ပြပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) ၀၉-၂၅၀၁၃၂၉၄၃