We have 157 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး ဧပြီ - ၁၇

31
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ကလောမြို့နယ် ဟဲဟိုးမြို့ အင်းခေါင်းဆည်၌ ဧပြီ (၁၇) ရက်နေ့ နံနက် (၉) နာရီက ဇီဝဒါန စုပေါင်း ငါးလွှတ်ကြကြောင်းသိရသည်။
ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးဇော်က ဇီဝဒါန ငါးလွှတ်ပွဲနှင့် ပတ်သက်၍ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း နှင့် ဇနီး ၊ အဖွဲ့ဝင်များ ၊ အတွင်းရေးမှူး ၊ တာဝန်ရှိသူများ ၊ ဒေသခံပြည်သူများမှ ဆည်အတွင်း ငါးများ လွှတ်ပေးကြသည်။
အဆိုပါ ဇီဝဒါန ငါးလွှတ်ပွဲတွင် ငါးခုံးမ (၁) သောင်း ၊ ရွှေဝါငါးကြင်း (၄) သောင်း အင်းခေါင်းဆည် အတွင်း လွှတ်ပေးကြကြောင်းသိရသည်။
ထို့နောက် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် မွန်းလွဲ (၁) နာရီက အဘိုးအဘွား ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း နှင့် ဇနီး ၊ အဖွဲ့ဝင်များ ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အဘိုးအဘွားများအား ပူဇော်ကန်တော်ကြပြီး ပြည်နယ်စီမံအုပ်ချုပ် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ဇနီး ၊ အဖွဲ့ဝင်များ နှင့် ဇနီးများ ၊ အတွင်းရေးမှူးနှင့် ဇနီး ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဘိုးအဘွားများအား ပူဇော်ကန်တော့ငွေ နှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းပေးကြပြီး ၊ အဘိုးအဘွားများ၏ ကိုယ်စား ရှမ်းရိုးမ ဘိုးဘွားရိပ်သာမှ အသက် (၉၄) နှစ်ရှိ အဘွား ဒေါ်သင်းကြိုင်မှ ဆုတောင်း မေတ္တာ ပို့သပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အဘိုးအဘွား သက်ကြီး ပူဇော်ပွဲတွင် တောင်ကြီး မြို့ပေါ် (၂၂) ရက်ကွက်တွင် ၊ (၈၅) နှစ် အထက်ရှိ ဘိုးဘွား (၆၉၉) ဦး ရှိသည့် အနက် ကန်တော့ခံ အဘိုး (၁၈) ဦး ၊ အဘွား (၂၈) ဦး တက်ရောက် ကန်တော့ခံ၍ အဘိုးအဘွား တစ်ဦးလျှင် ပူဇော်ကန်တော့ငွေ (၂၅၀၀၀) ကျပ် ၊ ခြုံစောင် (၁) ထည် ၊ ခြင်ထောင် (၁) ထည် ၊ Caclium ကွေကာ ၊ Cream Cracker ၊ အာဟာရ တစ်ပါကင် ၊ တိုင်းရင်းဆေးဝါး မျိုးစုံ (၁) ပါကင် တို့ဖြင့် ပူဇော် ကန်တော့ပေးကြသည်။
ယင်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ ၌ အန္တာရာယ်ကင်း ပရိတ်ရွတ်ဖတ်တရားနာ ကျင်းပရာ ဆရာတော် သံဃာတော်ကြီးများ ၊ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ အမှူးပြုသော အဖွဲ့များမှ “ နမောတဿ “ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့ ၊ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ ၊ မဟာ ကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွား ချီးမြှင့်တော်မူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထူများ ဆက်ကပ် လှူဒါန်း၍ ရှမ်းပြည်နယ် သံဃနာယကဥက္ကဋ္ဌ ၊ တောင်ကြီးမြို့ သိမ်တောင် ပရိယတ္တိ စာသင်တိုက် ၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာ တရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို “ဗုဒ္ဓ ဿသနံ စိရံ တိဋ္ဌတု “ သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး