We have 528 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

ကာလိ ဧပြီ-၁၉

32
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဧပြီ(၁၉)ရက် ညနေ(၄)နာရီက လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်း ဆက်သွယ်ပေးသည့် တာကော်တံတားသစ်(၁)စင်းတည် ဆောက်နေမှုကို သွားရောက်ကြည့်ရှုရာ တံတားတည်ဆောက်ရေးအမှတ်(၄) ရှင်းလင်းဆောင်ခန်းမ၌ ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်မှ တံတားသစ်တည်ဆောက်နေမှုကို ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက တံတားသစ်တည်ဆောက်နေမှုကို ကြည့်ရှုကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ လှူဒါန်းပေး ကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး