We have 161 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

နမ့်စန် ဧပြီ-၁၉

33
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အဖွဲ့ဝင်များ၊အတွင်းရေးမှူး နှင့်ပြည်နယ်အဆင့်သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူဧပြီ(၁၉)ရက်နံနက်(၁၁)နာရီကလွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ ဝေးခန်းမတွင်လင်းခေးခရိုင်ရှိ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံကြောင်းသိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းကမိမိသည်အရပ်သားပြည်သူဖြစ်၍နိုင်ငံတော်မှပေးအပ်သောတာဝန်ကဒေသတွင်အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်လာရောက်ကွင်းဆင်းရခြင်းဖြစ်ကြောင်း၊နိုင်ငံသားစိစစ်ရေးကဒ်ပြားများမလုပ်ရသေးပါကသက်ဆိုင်ရာအဖွဲ့ဝင်များအားတင်ပြ၍အမြန်ဆုံးပြုလုပ်ပေးကြရန်၊နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးနှင့်လုံခြုံရေးကိစ္စရပ်များကိုတိုင်းစစ်ဌာနချုပ်တိုင်း မှူးများနှင့်ဆောင်ရွက်နေပါကြောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်များတွင်လည်း စီမံအုပ်ချုပ်ရေးအဖွဲ့တွင်ပါဝင်သည့်သက်ဆိုင်ရာအဖွဲ့များကလည်းပူးပေါင်းပါဝင်ဆောင်ရွက်နေပါ ကြောင်း ယခုအချိန်တွင်ရှမ်းပြည်နယ်သည်တည်ငြိမ်အေးချမ်းလာပြီဖြစ်ကြောင်း၊ အခြား တိုင်းဒေသကြီး /ပြည်နယ်များ ကတည်ငြိမ်အေးချမ်းမှုမရှိသေးကြောင်း၊covid-19ရောဂါကာကွယ် ဆေးနှင်. ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများကဆေးမထိုးရသေးသည့်သူများရှိပါကဆေးထိုးနိုင်ရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေး ကြရန်၊ဟိုတယ်ခရီးသွားလာနိုင်ရေး အတွက်လည်း ဆောင်ရွက် နေပါ ကြောင်း၊မကြာမီအချိန်ကျောင်းများ ပြန်လည်ဖွင့်တော့မည်ဖြစ်၍စာသင် ကျောင်းများ ဥပတိကောင်းမွန်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးကြရန်နှင့်ယခုတွေ့ဆုံ ပွဲကိုပြုလုပ်ပေးကြသည့်တာဝန်ရှိသူများကိုကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် ပြည်နယ် အဆင့်သက်ဆိုင်ရာဌာနများပါလာသဖြင့်လုပ်ငန်းနှင့်ပတ်သက်၍ တင်ပြကာ လုပ်ငန်းများ အောင်မြင်နိုင်ရန်ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။ ဆက်လက်၍လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလင်းခေးခရိုင် နှင့်ပတ်သက်၍ ဒေသ ဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအားရှင်းလင်းတင်ပြပြီးပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များကရှင်းလင်းကြပြီးပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းကနိဂုံးချုပ်အမှာစကားပြောကြားပြီးလင်းခေးခရိုင်နှင့်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအား ထောက်ပံ့ငွေ၊covid-19ရောဂါကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ငွေများကိုပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့မှပေးအပ်ရာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှလက်ခံရယူကြကြောင်းသိရှိ ရသည်။ 

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး