We have 202 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

နမ့်စန် ဧပြီ-၁၉

34
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊တာဝန်ရှိ သူတို့သည် ဧပြီ(၁၉)နံနက် (၁၀)နာရီကလွိုင်လင်ခရိုင်၊နမ့်စန်မြို့ နယ်ရှိမြို့ဦးဘုန်းတော်ကြီးကျောင်းအား သွားရောက်ကာ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝထ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။
ဆက်လက်၍ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအ ဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိ တို့သည်နမ့်စန်အမှတ်(၈)တပ်မတော် စစ်ဆေးရုံခုတင်(၁၀၀)သို့သွားရောက်ကာ အလှူငွေများ ပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းကအဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှအလှူငွေကျပ်(၃၄)သိန်းနှင့်နမ့်စန်မြို့အမှတ်(၈)တပ်မတော် ဆေးရုံ ခုတင်(၁၀၀)ရှိ အရာရှိ/စစ်သည်/အရပ်သားဝန်ထမ်းများအားချီးမြှင့်ငွေများကိုပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းမှပေးအပ်ရာနမ့်စန်အမှတ်(၈)တပ်မတော်ဆေးရုံခုတင်(၁၀၀)တပ်မှူးမှလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ကာကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊အရှေ့အလယ်ပိုင်းတိုင်းတိုင်းမှူး၊ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊အ တွင်းရေးမှူးနှင့် တာဝန်ရှိသူတို့ကဆေးရုံတွင်လာရောက်ဆေးကုသနေသော လူနာများအား သွားရောက်ကြည့်ရှူကာ စားစရာနှင့်ထောက်ပံ့ငွေများပေး အပ်ခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး