We have 488 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

ခိုလမ် ဧပြီ-၂၀

35
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီအတွင်းရေးမှူး၊အဖွဲ့ ဝင်များနှင့်တာဝန်ရှိသူတို့သည်ဧပြီ(၂၀)ရက်နံနက်(၈)နာရီကနမ့်စန်မြို့နယ် ခိုလမ်မြို့ အရှေ့အလယ်ပိုင်း တိုင်းစစ် ဌာနချုပ် အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူ့စစ်များနှင့် တွေ့ဆုံကြောင်းသိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျေ်ထွန်းကအဖွင့်အမှာစကားပြောပြီး ဒေသခံပြည်သူစစ်အဖွဲ့များဖြစ်သည်မတ်ကျန်းပြည်သူစစ်၊နားရိုင်းပြည်သူစစ်၊ဟိုမိန်းပြည်သူ့စစ်၊တိုင်း ကောင်ပြည်သူ့စစ်၊ဝမ်ပန်ပြည်သူ့စစ်၊ကာလိပြည်သူ့စစ်၊ဝမ်ဟတ်ပြည်သူ့စစ်အဖွဲ့များမှ ဒေသဖွံ့ဖြိုးရေး အတွက်စာသင်ကျောင်း၊မီး လင်းရေး၊ရေရရှိရေး၊လမ်းကောင်း မွန်ရေးကိစွရပ်များအသီးသီးတင်ပြ ကြသည်။ ဆက်လက်၍ခိုလမ်မြို့မိမြို့ဖတစ်ဦးမှဒေသဖွံ့ဖြိုးရေးအတွက်တင်ပြပြီးဇိနမာန်အောင်သမန္တပါသာဒိကပြည်လုံးချမ်းသာရဆုပြည့်ဝစေတီတော်မြတ်ကြီးအတွက်ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အလှူတော်ငွေ(၁၀)သိန်း၊မတ်ကျန်းပြည်သူ့စစ်(ဌာနေ)ကိုမတ်ဆော့ကျေးရွာနှင့်နောင်ဘိုကျေးရွာနေရာအတွက်ဆိုလာမီး(၄)စုံ၊ကာလိပြည်သူ့စစ်(ဌာနေ)ကိုနမ့်မော်ခမ်းကျေးရွာအတွက်ဆိုလာမီး(၂)စုံတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းကပေးအပ်ရာအရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦးနှင့်ပြည်သူ့စစ်ခေါင်းဆောင်များ မှအသီးသီးလက်ခံရယူကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြား ကြောင်းသိရသည်။
ထို့နောက်ခိုလမ်မြို့၊အမှတ်(၉)စစ် မြေပြင်ဆေးတပ်ရင်းစစ်ဆေးရုံး၌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှအလှူငွေပေးအပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက် တာကျော်ထွန်းကအဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အမှတ်(၉) စစ်မြေပြင် ဆေးတပ်ရင်းအတွက် ဆေးပဒေသာပင်အလှူငွေကျပ်(၄၅)သိန်းနှင့် အရာရှိ/စစ်သည်၊ အရပ်သားဝန်ထမ်းများ အ တွက်ကျပ်(၅)သိန်း(၃)သောင်းပေးအပ်ရာ အမှတ်(၉)စစ်မြေပြင်ဆေးတပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျေ ာ်ကျော်ဝင်း ကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊အရှေ့အလယ်ပိုင်းတိုင်းတိုင်းမှူး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များတို့ကဆေးရုံတွင်လာရောက် ကုသနေသော လူနာများအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားကာစားစရာနှင့်ထောက်ပံ့ငွေများ ပေးအပ်ကြကြောင်း သိရသည်။
ယင်းနောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းတို င်းမှူးနှင့် တာဝန်ရှိသူများသည်ခိုလမ်မြို့ရှိသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းအားသွားရောက်ကာဆွမ်းဆန်တော်များ၊ လှူဖွယ်ဝထ္ထုပစ္စည်းမျာ းလှူဒါန်းပေးကြပြီးသီရိမင်္ဂလာဘုန်း ကြီးကျောင်းဝင်းရှိနောင်ဟေးငင်းရေ ကန်ပြန်လည်တူးဖော်မှုအခြေအနေအားသွားရောက်ကြည့်ရှုခဲ့ပြီးလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး