We have 42 guests and no members online

လွိုင်လင် ဧပြီ-၂၀

36
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းအဖွဲ့ဝင်များ၊ပြည်နယ်စီမံအုပ်ချုပ်ရေးကော င်စီအတွင်းရေးမှူး၊ပြည်နယ်အဆင့်ဌာ နဆိုင်ရာများနှင့် အတူ ဧပြီ(၂၀)ရက်မွန်းလွဲ(၁)နာရီက လွိုင်လင်ခရိုင် /မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ခရိုင်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံပွဲကို လွိုင်လင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊လွိုင်လင်ခရိုင်အတွင်းရှိလွိုင်လင်၊နမ့်စန်၊ကွန်ဟိန်း၊လဲချား၊မိုင်း ကိုင်၊ကျေးသီး၊မိုင်းရှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှတစ်ဦးချင်းမိတ်ဆက်ကြသည်။ဆက်လက်၍ လွိုင်လင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွဋ်မှလွိုင်လင်ခရိုင်၏ဒေသဆိုင်ရာလုပ်ငန်းများဆောင်ရွက်မှုအခြေအနေအားရှင်းလင်းတင်ပြပြီးရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လမ်းညွှန် အမှာစကားပြောကြားပြီးရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှလွိုင်လင်ခရိုင်အတွင်းရှိဘုန်းတော်ကြီးကျောင်း (၅၇၃)ကျောင်းအတွက်ဆွမ်းဆန်အိတ်(၁၀၇၉)၊covid-19 ရောဂါကာကွယ်ရေးလုပ်ငန်း များအတွက် ထောက်ပံ့ငွေ ကျပ်(၁၀သိန်း)စီကိုလွိုင်လင်ခရိုင်အတွင်းရှိလွိုင်လင်၊နမ့်စန်၊ကွန်ဟိန်း၊လဲချား၊မိုင်းကိုင်၊ကျေးသီး၊မိုင်းရှူးမြို့နယ် များတို့ကို ပြည်နယ်စီမံကောင်စီအာပ်ချုပ်ရေးဥက္ကဋ္ဌဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးတို့မှ ထာက်ပံ့ပေးအပ်ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များမှ အသီးသီးလက်ခံရယူ ကြသည်။
ထို့နောက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သာသနာ့ဝိပုလဓါတ်တော် ဘုန်းတော်ကြီးကျောင်းအား သွားရောက်ကာ ဆွမ်းဆန်တော်များ လှူဒါန်းပေးပြီး လွိုင်လင် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား/သူ (၂၀၀) ဦးဆန့် အိပ်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှူ.စစ်ဆေးဆေးရာ ဒုတိယ ပါမောက္ခချုပ် မှ ရှင်းလင်းပြီး ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ ဆရာ/မ များအား ကြက်ဥနှင့် ဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ပင်လုံ တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှူ.စစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပင်လုံ တက္ကသိုလ် အစည်းအဝေးခန်းမ၌ ဆရာ/မ နှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အဖွင့်အမှာစကားပြောကြားပြီး ဆရာ/မ နှင့် ဝန်ထမ်းများအား ကြက်ဥနှင့်ဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် လွိုင်လင်မြို့ ခုတင် (၂၀၀) ဆန့် အထွေထွေရောဂါဆေးရုံကြီး ဇီဝက ခန်းမ၌ ဆရာဝန်/မ များနှင့် တွေ့ဆုံရာ လွိုင်လင်မြို့ ခုတင် (၂၀၀) ဆန့် အထွေထွေရောဂါကု ဆေးရုံကြီး ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ တင်အောင်မှ ကုသရေးလုပ်ငန်းဆိုင်ရာများ ၊ လွိုင်လင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်းမှ ပြည်သူ့ကျန်းမာရေး လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြညနယ် စီမံအုပ်ချုပ်ရေး စီမံဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားကာ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့များတို့မှ အားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး