We have 396 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး ဧပြီ - ၂၄

38
အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အင်းလေးဇုန်ဝင်ခွင့် ကောက်ခံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ (၂၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အင်းလေးကန်နှင့်ပတ်သက်၍ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရန် အခြေအနေအတွက် အားလုံးကောင်းမွန်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မှာကြား လိုက်ပါကြောင်း၊ မိမိအနေဖြင့် အင်းလေးကန်ကို သွားရောက်ခဲ့စဥ် အင်းလေးကန်တွင် သန့်ရှင်းမှု အများလိုအပ်ကြောင်းနှင့် ဒိုက်အများဆုံးတွေ့ရပါကြောင်း၊ မိမိအနေဖြင့် ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနများကို ခေါ်ယူတွေ့ဆုံခဲ့ပါကြောင်း၊ ဆည်မြောင်းနှင့်တွေ့ဆုံရာ ဒိုက်များဆယ်ယူရန်အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဌာနဆိုင်ရာများအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်မည်နည်း၊ နိုင်ငံတော်အကြီးအကဲ စိတ်ဝင်စားသည့် ဒေသဖြစ်ပြီး မကြာမည် ခရီးစဥ်ရောက်ရှိလာနိုင်ပါကြောင်း၊ အင်းလေးကန်သည် နှုန်းကျဆင်းလာသဖြင့် တစ်ဖြည်းဖြည်းတိမ်ကောလာပါကြောင်း၊ ရေဝေရေလဲတွင် သစ်ပင်မစိုက်ပျိုးနိုင်ပါက မိုးရွာပါကနှုန်းများ ကျဆင်းလာနိုင်ပါကြောင်း၊ ရေဝေရေလဲတွင် သစ်ပင် စိုက်ပျိုးနိုင်ရန် သစ်တောဌာနကို မှာကြားခဲ့ကြောင်း၊ ဒိုက်များကိုဆယ်ယူပြီး မြေသြဇာပြုလုပ်ပေမဲ့ မြေသြဇာလုပ်ငန်းကို မဆောင်ရွက်ဘဲ တစ်ခြားနည်းလမ်းကိုသာ အသုံးချနေပါကြောင်း၊ ဒါကြောင့်ဒိုက်များကို မည်ကဲ့သို့ ဆယ်ယူနိုင်ရန် ဆောင်ရွက် ရမည်ဆိုတာ အကြံပေးစေလိုကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ လုပ်ငန်းကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် မည်သည့် ဘက်တွင် အသုံးပြုနိုင်မည်နည်း၊ ယခုအစည်းအဝေးပြီးပါက လုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အင်းလေးဇုန်နှင့်ပတ်သက်၍ ကော်မတီကို အမြန်ဆုံးပြန်ဖွဲ့ရန်လိုကြောင်း၊ ကော်မတီကြီးကြပ်မှုအောက်၌ ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ မည်ကဲ့သို့ဖွဲ့စည်းနိုင်ရန်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြား သွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်း၊ တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေး ရှင်းလင်းကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943