We have 302 guests and no members online

ကျိုင်းတုံ ဧပြီ-၂၆

38
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ဧပြီ(၂၆)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကျိုင်းတုံတက္ကသိုလ်ကို လာရောက် တွေ့ဆုံရခြင်းမှာ တက္ကသိုလ်၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန်နှင့် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှု ကို လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ ကျိုင်းတုံတက္ကသိုလ်ရှိကျောင်းသား/သူများသည် စည်းကမ်းရှိမှုကို တွေ့ရပါကြောင်း၊ အထူးမှာကြားလိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက်တွင် ဝန်ထမ်းများ အလုပ်ကြိုးစားပါက ရာထူးအဆင့်တန်း ခံစားခွင့်များကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပညာ ရေးကဏ္ဍတွင် ဘတ်ဂျက်များ ဖြတ်တောက်ခြင်းမရှိကြောင်း၊ မကြာခင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်၍ လိုအပ်ချက်များရှိပါက တင်ပြရန်နှင့် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများစည်းလုံးညီညွှတ်မှုရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ တက္ကသိုလ်ရှိဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ကြက်ဥ၊ ဆီ တို့ကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ထောက်ပံ့ပေး အပ်ရာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စမ်းစမ်းက လက်ခံရယူပြီး တက္ကသိုလ်၏ လိုအပ်ချက် များနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တြိဂံဒေသတိုင်း စစ်ဌာချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်း ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့၏ ပထမဆုံး နိုင်ငံတကာ အဆင့်မှီ နောင်တုံအဆင့်မြင့် HYPER MARKET စျေးတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြ ကြောင်းသိရသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု ပန်ဝိုင်(အောက်)ကျေးရွာရှိ ဦးဝေါလ်တာ စိုက်ပျိုးထားသည့် လက်ဖက်ခြံသို့ သွားရောက်ကာ လက်ဖက်ခြောက် ပြုလုပ်ပုံအဆင့်ဆင့် ကြည့်ရှုအားပေးပြီး ကုန်းမြင့်လယ်ယာမြေဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကုန်းမြင့်လယ်ယာ ထုတ်ဖော်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြီး လွယ်မွေကျေးရွာအုပ်စုရှိပန်ဝိုင်(အောက်)ပန်ဝိုင်(အထက်)ခွန်ဆိုင်း ကျေးရွာရှိ ဒေသခံပြည်သူများမှ လျှပ်စစ်မီး၊ လမ်း၊ လယ်ယာမြေပုံစံခွန်၊ ရေရရှိရေးကိစ္စရပ်များ တင်ပြတောင်းဆို လွယ်မွေတောင်တန်းနှစ်(၁၀၀)အိမ်သို့သွားရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။