We have 40 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

ကျိုင်းလပ် ဧပြီ-၂၉

43
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဧပြီ(၂၇)ရက် ညနေ(၃)နာရီက တာချီလိတ်ခရိုင် ၊ ကျိုင်းလပ်မြို့နယ်ရှိ မြန်မာ-လာအို မဲခေါင်ချစ်ကြည်ရေးအား သွားရောက်ကြည့်ရှုစစ်ဆေးကြာင်းသိရသည်။
ဆက်လက်၍ တာချီလိတ်ခရိုင်မြို့နယ် စုပေါင်းရုံးခန်းမ၌ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ထားမှု အခြေအနေအား ဆွေးနွေးတင်ပြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက်ဖြစ်သည့် လျှပ်စစ် ၊ လမ်း ၊ ဆက်သွယ်ရေး ၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အဓိကထား ဆောင်ရွက်ရန်နှင့် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် မဖြစ်မနေ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းဖွင့်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွား များလည်း မကြာခင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြကွာဟမှု အတတ်နိုင်ဆုံး နည်းပါးစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်၏ အချက်အခြာအကျဆုံးဖြစ်သော ကျန်းမာရေး နှင့် ပညာရေးသည် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ရန်နှင့် မကြာခင် ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းရန် ခရိုင်/မြို့နယ်မှူးများမှ ဆောင်ရွက်ပေးကြ ရန်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများ ကျိုင်းတုံနှင့်တာချီလိတ်တွင် ဖွင့်လှစ်နိုင်ရန် မြေနေရာများကို ကြိုတင်ရှာထား ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် Mind Set (အတွေးအခေါ်)များပြောင်းလဲပါက တာချီလိတ်ဒေသသည် နယ်စပ်ထွက်ပေါက် ကုန်သွယ်မှုဖြစ်၍ ဒီ့ထက်မက တိုးတက်လာမည်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး များက ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြ၍ ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။
ထို့နောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တာချီလိတ်ခရိုင်နှင့် မြို့နယ်များသို့ Covid - 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေများကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ပေးအပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက အသီးသီးလက်ခံရ ယူကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး