We have 47 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

လားရှိုး မေ - ၉

50
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ၊ လူမှုရေးပင်စင်နှင့် မသန်စွမ်းများသို့ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို မေ(၉)ရက် နံနက် (၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လူမှုဝန်ထမ်းလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရ၏ အားတစ်ခုတည်းဖြင့် ဆောင်ရွက်လို့မရနိုင်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအပါအဝင် ဒီနေ့တက်ရောက်လာသည့် လူမှုဝန်ထမ်း၊ စေတနာ့ဝန်ထမ်းသမားအပြင် ပြည်သူတစ်ရပ်လုံံးကပါ လူမှုဝန်ထမ်း အသိစိတ်ဓါတ်မြင့်မြင့်မားမားနှင့် အတူတကွပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုကြောင်း၊ ယခင်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၆၆၂၃.၈၂)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရှေးဦးစွာ (၃၂၈၃.၇၄)သိန်း ထောက်ပံ့သွားမှာ ဖြစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်အတွင်းမှာ ကိုယ့်အားကိုယ့်ကိုး မူလတန်းကြိုကျောင်းများကိုလည်း ဆက်လက်ပြီး ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွက် ထောက်ပံ့ပေးမည့် အစီအစဥ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း(၁၁)ခုအတွက် ထောက်ပံ့ကြေးငွေကျပ်(၇၂၈.၉၄)သိန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၆၀၂၈)ဦးအတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(၁၈၀၈.၄၀)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မသန်စွမ်းသူ (၂၄၈၈)ဦးအတွက် တစ်ဦးလျှင် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(၇၄၆.၄၀)သိန်း၊ စုစုပေါင်းကျပ်(၃၂၈၃.၇၄)သိန်း ကျပ်သုံးထောင့်နှစ်ရာရှစ်ဆယ့်သုံးသိန်း ခုနှစ်သောင်းလေးထောင်တိတိဖြစ်ပါကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း ရှိကြသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၏ အကျိုးကိုလိုလိုလားလားထမ်းရွက်နေကြသည့် ပရဟိတဂေဟာ ကြီးကြပ်သူများ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းဆောင်တာအဖြာဖြာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့၏ ဦးဆောင်လမ်းညွှန်မှု များကို ခံယူပြီး ဆထက်ထမ်းပိုးတိုး၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း(၁၁)ခုအတွက် ထောက်ပံ့ကြေးငွေ ကျပ်(၇၂၈.၉၄)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၆၀၂၈)ဦးအတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(၁၈၀၈.၄၀)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မသန်စွမ်းသူ(၂၄၈၈)ဦးအတွက် တစ်ဦးလျှင် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(၇၄၆.၄၀)သိန်းတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းထံ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ထောက်ပံ့ငွေများ ပေးအပ်ပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ကောင်စီ အဖွဲ့ဝင်များက စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်ကာ ဂေဟာမှူးဒေါ်နန်းဆိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ကောင်စီအဖွဲ့ဝင်များသည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့အတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ(၇၈၆)ဦးနှင့် ရပ်ကွက်ကျေးရွာ အုပ်စုများရှိ ပြည်သူ(၆၃၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးအပ်ပွဲသို့ တက်ရောက်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မန်းပွဲကျေးရွာနှင့် မန်ဆန်ရေကျကျေးရွာတို့ကို နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိသူ(၁၆၁)ဦးတို့အား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ပေးအပ်၍ လည်းကောင်း၊ စခန်းရုံးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိသူ(၂၁၂)ဦး၊ ဟိုနား(ပန်ဟုန်း) နိုင်ငံသား စိစစ်ရေးကဒ်ပြား ရရှိသူ(၁၃၅)ဦး၊ ဟိုခိုကျေးရွာအုပ်စုမှ (၁၄၂)ကဒ်၊ လုံမွန်းကျေးရွာအုပ်စု(၄၉)ဦး၊ မန်ပျဥ်ကျေးရွာအုပ်စု (၁၈)ကဒ်၊ နမ့်ဘောင်ကျေးရွာအုပ်စု(၂၈)ကဒ်၊ မယ်ဟန်ကျေးရွာအုပ်စု(၆၂)ကဒ်၊ အမှတ်(၁) ဝန်တင်တပ်ရင်း(၂၂၅)ကဒ်၊ အမှတ်(၆၈) ခြေလျင်တပ်ရင်း(၈၀)ကဒ်၊ အမှတ်(၄) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း(၁၄၆)ကဒ်၊ အမှတ်(၃) တည်းခိုရေး စခန်း(၁၃၅)ကဒ် နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိသူတို့အား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ကိုးကန့်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးမှ လက်ခံရယူပြီး ကျေးရွာပြည်သူ များကိုယ်စား မယ်ဟန်ကျေးရွာအုပ်စု ဦးစိုင်းအောင်ဘမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် ဓမ္မကျက်သရေဆောင်၌ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ