We have 454 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

လားရှိုး မေ - ၁၀

52
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မေ(၁၀)ရက် နံနက်(၉)နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် လားရှိုးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာတော် သံဃာတော်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထန်း အမှူး ပြုသော ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒစရိယ မဟာဂန္ဓဝါစက ပဏ္ဍိတမဟာဗောဓါရုံ ပရိယတ္တိစာသင်တိုက်ကြီး ဦးစီပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တနာရဒ ဆရာတော်ကြီးထံ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံယာတော် အရှင်သူမြတ်တို့မှ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ကိုးကန့်၊ ပလောင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ လှူဒါန်းပေးကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဇဗ္ဗူအေးအေတီတပ်ဦး ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်ချ အမျှပေးဝေကာ အခမ်းအနားကို စိရံတိဋတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ လားရှိုးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီး ကျောင်းများအား ဆွမ်းဆန်တော်များ လှူဒါန်းမှုတွင် မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်(၉)တိုက်အား ဆွမ်းဆန်တော်(၆၈၆)အိတ် လှူဒါန်းပေးကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် လားရှိုးမြို့ ကြက်ခြေနီရုံး သို့သွားရောက်ကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကြက်ခြေနီဝန်ထမ်းများနှင့် တွေ့ဆုံ၍ အဖွင့်အမှာစကားပြောကြားပြီး အလှူငွေများပေးအပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လားရှိုးမြို့ ကြက်ခြေနီအတွက် အလှူငွေကျပ်သိန်း(၂၀)ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌဒေါ်နီလာငယ်က လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ နာယက၊ ရှိုင်းနင်း မြန်မာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာထွဋ်က အလှူငွေကျပ်သိန်း(၂၀)၊ ရွိုင်ရယ်ဟတ်(ထ်)မှ ဦးဇော်မြင့်ထွေးမှ အားဖြည့်အချိုရည်ဘူး(၁၈၀)ဘူး ပေးအပ်လှူဒါန်းပေးရာ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဒေါ်နီလာငယ်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ