×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး မေ - ၂၀

59

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အစိုးရဓမ္မာစရိယအောင် သံဃာတော်များနှင့်သီလရှင်များအား အောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို မေ(၂၀)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကတော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သိမ်တောင်ပရိတ္တိစာသင်တိုက် ပဓနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်သံဃနာယက ဥက္ကဋ္ဌ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တ ထံမှ သာရဏီယသြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားထားပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဆရာတော်ကြီးနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော် များ ဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဇနီး ဒေါက်တာခင်ခင်ထူးနှင့် တာဝန်ရှိသူ များက စာအောင်သီလရှင်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပေးကြကာ လှူဒါန်းပေးမှုအစုစုအတွက် တောင်ကြီးမြို့၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဘုရားကြီးအတွင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် အဆိုပါ အစိုးရဓမ္မာစရိအောင် သံဃတော် (၃၈)ပါးနှင့် သီလရှင် (၇)ပါးအောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။