We have 77 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး မေ ၂၈

66

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ (၁၃)ဖွဲ့အား တွေ့ဆုံခြင်း အခမ်းအနားကို မေလ ၂၈ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ အမှာစကားပြော ကြားရာတွင် ရှမ်းပြည်နယ်တွင် မြို့နယ်အလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ အဖွဲ့၊ ကော်မတီများရှိ ပါကြောင်း ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ခရီးစဉ်တွင်လည်း လားရှိူးမြို့၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ၊ အဖွဲ့၊ ကော်မတီများနှင့် တွေ့ဆုံခဲ့ရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း၊ အဖွဲ့၊ ကော်မတီ တို့တင်ပြမှုများ အပေါ် ဆောင်ရွက်ပေးနိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း ၊ ယခု ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ အဖွဲ့၊ ကော်မတီများနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံလိုပါသဖြင့် ယခုလို စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်း၊ အဖွဲ့ ၊ ကော်မတီ များအနေဖြင့်လည်း မိမိတို့ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုကိစ္စရပ်များ ၊ အခွင့်အရေးများနှင့် ပတ်သက်၍ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြစေလိုပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွှန်ချက်အရ တိုင်းရင်းသားဒေသများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး၊ ကျေးလက်နှင့် မြို့ပြ ကွာဟမှု မရှိစေရေးနှင့် လျှပ်စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ဆောင်ရွက်ပေးနိုင်ရန် ထပ်ဆင့်ရှင်းလင်းရခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရှိ အခြေခံပညာကျောင်းများ တွင် တိုင်းရင်းသား ဘာသာစကားသင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ စကားသင်ကြားပေးနေသည့် နေ့စား လပေး (TA/LT) ဆရာ /ဆရာမများကို ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် နေ့စားလပေး Teaching Assistant (TA) (၈၅၆) ဦးနှင့် Language Teacher (LT) (၁၉)ဦး ၊ စုစုပေါင်း (၈၇၅) ဦး ခန့်ထားပေးခဲ့ပြီး ဖြစ်ပါကြောင်း အဆိုပါ (TA) ဆရာ/ ဆရာမများအနက် သတ်မှတ်ပညာအရည်အချင်းနှင့်ကိုက်ညီသူများကို အမြဲတမ်းဝန်ထမ်း (Permanent) အဖြစ်ခန့် ထားနိုင်ရေးအတွက် မိမိတို့အနေဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက တစ်ဦးချင်းစီ မိတ်ဆက်ကာ ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ မိမိတို့တိုင်းရင်းသား လူမျိုးအလိုက် အမှန် ဆောင်ရွက်ပေးရေး၊ ကျေးရွာလျှပ်စစ်မီးရရှိရေး၊ ရေရှိရေး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို အသိအမှတ် ပြုပေးရေး၊ တိုင်းရင်းသားစာပေ ထုတ်ဝေနိုင်ရေးအတွက် လိုအပ်သည်များ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က တင်ပြချက်များ အပေါ်ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ