We have 167 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး မေ - ၂၈

67
မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ ကျောက်မျက်ရတနာအသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ လုပ်ကိုင်ခွင့်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေ(၂၈)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ နိုင်ငံတော်အစိုးရက ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၆၂/၉၂)ဖြင့် ဧရိယာ (၂၂၉၉၅၀) ဧကကို “မိုင်းရှူးရတနာနယ်မြေ” အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ၁၉၉၅ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်ပြုနိုင်ရန် အကျိုးတူနှင့် ပုဂ္ဂလိက (သတ်မှတ်၊ ဖော်ထုတ်) လုပ်ကွက်များကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မတိုင်မီ ကာလထိခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ သတ်တမ်းတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သော်လည်း သယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကျောက်မျက်ရတနာလုပ်ကွက် များကို ခွင့်ပြုမိန့် အသစ်ချထားပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်း မပြုခဲ့သဖြင့် မိုင်းရှူးရတနာနယ်မြေတွင် ၂၀-၃-၂၀၁၉ ရက်နေ့ နောက်ပိုင်း သက်တမ်းရှိ လုပ်ကွက်များ မကျန်တော့ဘဲ သက်တမ်းကုန်လစ်လပ် လုပ်ကွက်များအဖြစ် သတ်မှတ်ခဲ့ ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ထပ်မံပြဌာန်းခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မြန်မာ့ ကျောက်မျက်ရတနာ နည်းဥပဒေ(မူကြမ်း)ကို ရေးဆွဲပြုစုခဲ့ပြီး အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ရှမ်းပြည်နယ်၊ မိုင်းရှူးရတနာနယ်မြေတွင် အသေးစားတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည့် စုစုပေါင်းဧရိယာ(၅၉၅)ဧကကိုလည်းကောင်း၊ လက်လုပ်လက်စား တူးဖော်ထုတ်လုပ် ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည့် စုစုပေါင်းဧရိယာ(၁၃၈၅)ဧကကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ် (မိုးကုတ်ရတနာ နယ်မြေ)တွင် အသေးစားတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည့် စုစုပေါင်း ဧရိယာ (၈၅၄.၄၉)ဧကကိုလည်းကောင်း၊ လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည့် စုစုပေါင်း ဧရိယာ (၂၄၉)ဧကကို လည်းကောင်း အတည်ပြုသတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ အသေးစား တူးဖော်ထုတ်လုပ်ခြင်းနှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ် ကျောက်မျက်ရတနာ လုပ်ကွက်စိစစ်ချထားပေးရေး အဖွဲ့က စီမံကြီးကြပ် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ကျောက်မျက်ရတနာ အသေးစား၊ လက်လုပ်လက်စား လုပ်ကွက်များ လုပ်ကိုင်ခွင့်ပြုမည့် လုပ်ထုံးလုပ်နည်းများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းရေးဆွဲ အတည်ပြုပြီး ယင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်း၍ အသေးစား၊ လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများမှ တူးဖော်ထုတ်လုပ်ရရှိသော ကျောက်မျက် ရတနာများအပေါ် တန်ဖိုးဖြတ်ခြင်း၊ တွင်းဝ ခွန်ကောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ပြောကြား သွားသည်။
ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မိုင်းရှူးမြို့မှ ဒုတိယအထွေထွေမန်နေဂျာက ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ စိစစ်ချထားပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သတ္တုတွင်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ