We have 177 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး မေ-၃၀

01
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင် များ အလိုက် အသက်(၂၁)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မေ(၃၀)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းတို့ ယဉ်ပြိုင်ကစားကြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်က အသင်းက (၅-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲတတိယဆုရရှိသော လင်းခေးခရိုင်အသင်းနှင့် ကျိုင်းတုံခရိုင်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသား ကျပ် (၅) သိန်းစီတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအောင်မြင့် နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း ၊ ဒုတိယဆု ရရှိသော တောင်ကြီး ခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆု (၈) သိန်းကျပ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်သိန်းမောင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း ၊ အကောင်းဆုံး အားကစားသမားဆုဖြစ်သည့် ဂိုးအကောင်းဆုံး ၊နောက်တန်း အကောင်းဆုံး ၊ အလယ်တန်းအကောင်းဆုံး ၊ ရှေ့တန်းအကောင်းဆုံး ၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံး အားကစားသမားဆုရသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၁)သိန်းစီတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ဆုချီးမြှင့်ပေး၍လည်းကောင်း ၊ ပထမဆုရရှိသော ပအိုဝ်း ကိုယ်ချုပ်ခွင့်ရဒေသအသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလိတ် မှလည်းကောင်း၊ ငွေသားကျပ် (၁၀)သိန်းနှင့် ဆုဖလားတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းတို့မှ လည်း​ကောင်းအသီးသီးဆုချီးမြှင့်ပေးကြောင်း သိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ