We have 40 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး ဇွန်- ၂

70
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် COVID-19ရောဂါ ဖြစ်ပွားနေသောကြောင့် ကျောင်းများ (၁)နှစ်ပိတ်ထားခဲ့ရပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများကို ဇွန်(၂၅)ရက်နေ့ မှစတင်၍ ကျောင်းအပ်လက်ခံပြီး ကျောင်းများကို ဇွန်(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ သင်ခန်းစာများကိုစ တင်သင်ကြား လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့ပေါ်ရှိ အခြေခံ ပညာအထက်တန်းများဖြစ်သည့် အမှတ်(၁)(၄)(၇)နှင့် အောင်သပြေတပ်ကျောင်း၊ ရွေညောင်အခြေခံပညာအထက်တန်း ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုကို သွားရောက်ကြည့်ရှု အားပေး ခဲ့ကြောင်းသိရသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား သားတို့ သမီးတို့ ကျောင်းတက်ရတာပျော်ကြရဲလား၊ သူငယ်ချင်းတွေရှိပါက ကျောင်းတက်နိုင်ရန်ပြောပေးကြရန်၊ ခရီးလွန်နေပါက ပြန်ရောက်ရင် ကျောင်းတက်ပေးကြရန်နှင့် သားတို့သမီးတို့ကျောင်းတက်ချိန် မစိုးရိမ်ကြရန်၊ လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ပေးထားပါကြောင်း၊ ဘေးစကားများမယုံကြည်ကြရန်၊ စာကိုသာဂရုတစ်စိုက်သင် ကြားရန်နှင့် ဘွဲ့ရပညာ တတ် ဖြစ်အောင် ကြိုးစားကြရန် သားတို့သမီးတို့ အဖေအမေများကိုလည်း ပြန်ပြောပေးကြရန် အားပေးစကား ပြောကြားသွားသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံ သူ ဦးရေ (၇၄၄)ဦး၊ တက်ရောက်သူ (၁၃၈)ဦး၊ ပျက်ကွက်(၆၀၆)ဦး၊ ရာခိုင်နှုန်း (၁၈. ၅၅)၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံ သူ ဦးရေ (၃၅၅)ဦး၊ တက်ရောက်သူ (၁၃၄)ဦး၊ ပျက်ကွက်(၂၂၀)ဦး၊ ရာခိုင်နှုန်း (၃၇.၇၅)၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတွင် မူလတန်း/အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူ ဦးရေ (၈၂၇)ဦး၊ တက်ရောက်သူ (၄၃၈)ဦး၊ ပျက်ကွက်(၃၈၉)ဦး၊ ရာခိုင်နှုန်း (၅၂.၉၆)၊ အောင်သပြေ၊ ခြေခံပညာအထက်တန်းကျောင်း တွင် မူလတန်း/အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူဦးရေ (၇၉၆)ဦး၊ တက်ရောက်သူ(၆၅၀)ဦး၊ ပျက်ကွက် (၁၄၆)ဦး၊ ရာခိုင်နှုန်း (၈၁.၆၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူ ဦးရေ (၇၄၄)ဦး၊ တက်ရောက်သူ (၁၃၈)ဦး၊ ပျက်ကွက်(၆၀၆)ဦး၊ ရာခိုင်နှုန်း (၁၈.၅၅)၊ ရွှေညောင်၊ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/အလယ်တန်း/အထက်တန်းအဆင့်ကျောင်းအပ်နှံသူဦးရေ (၉၁၄)ဦး၊ တက်ရောက်သူ (၈၇၉)ဦး၊ ပျက်ကွက်(၃၅)ဦး၊ ရာခိုင်နှုန်း (၉၆.၁၇)၊ စုစုပေါင်းကျောင်းအပ်နှံသူ ဦးရေ(၃၆၃၆)ဦး၊ တက်ရောက်သူ(၂၂၃၉)ဦး၊ ပျက်ကွက်သူ(၁၃၉၇)ဦး၊ ရာခိုင်နှုန်း(၆၁.၅၈)ရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ