×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး ဇွန် - ၅

Untitled 2

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် (၅) ရက် နံနက် (၉) နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ဦးတည်ကြိုးပမ်း အားထုတ်ပေးရန် တိုက်တွန်းထားရှိမှုမှာ “ECOSYTSTEM RESTORATION” “ပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန် ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့ “ ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ် အနေဖြင့် ဂေဟ စနစ် စုံလင်သော ပြည်နယ်တစ်ခုဖြစ်ပြီး တောင်တန်းဂေဟ စနစ် ၊ အင်းလေးကန် ရေတိမ် ဂေဟစနစ် ၊ သစ်တော ဂေဟ စနစ် ၊ မြစ်ချောင်း ဂေဟ စနစ် ၊ သစ်ဆွေးမြေ ဂေဟစနစ် ၊ မြို့ပြဂေဟ စနစ်နှင့် လယ် ယာမြေ ဂေဟ စနစ် စသဖြင့် စုံလင်စွာ ဖြင့်တည်ရှိနေပြီး အဆိုးပါ ဂေဟ စနစ်များ မပျက်စီးစေရေး အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် အထူးပင်လိုအပ်ပါကြောင်း ၊ ၂၀၂၀ ပြည့်နှစ် ကမ္ဘာတစ်ဝန်းလုံး တွင် ဖြစ်ပွားနေသော Covid – 19 ကပ်ရောဂါ ၊ ရာသီဥတု ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ပြသနာများ အပါအဝင် အကြပ်အတည်းမျိုးစုံ ရင်ဆိုင်ရသည့် နှစ် တစ်နှစ်ဖြစ်သည်ကို လက်ခံရမှာ ဖြစ်ပါကြောင်း ၊ ကမ္ဘာ့ကုလသမ္မက၏ ဆယ်စုနှစ် ရည်မှန်းချက်တွင် ရာသီဥတု ပြောင်းလဲမှု ပြသနာများ ကို တိုက်ဖျက်ရန် သန်းပေါင်းများစွာသော မျိုးစိတ်များ ပျက်စီးဆုံးရှူံးမှုကို ကာကွယ်ရန်နှင့် အစားအစာ ဖူလုံမှု ရေပေးဝေမှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးမြှင့်လာစေရေးအတွက် ဂေဟ စနစ်ပျက်စီးမှု၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် သတ်မှတ်ထားပါ ကြောင်း ၊ ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးဆုံးရှူံးမှုနှင့် ဂေဟ စနစ်ပျက်စီးမှုများကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာကြီးသည် နောက်ထပ် ရေဗမာဏ ၄၀ ရာခိုင်နှုန်း ၊ အစားအစာ ၅၀ ရာခိုင်နှုန်း ၊ စွမ်းအင် ၄၀ ရာခိုင်နှုန်းနှင့် သစ်နှင့်ဖိုက်ဘာ ၄၀ ရာခိုင်နှုန်း ၊ ပိုမိုလိုအပ်လာနိုင်ကြောင်း သုံးသပ်ထားသည့်အတွက် ရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဆောင်မှုများကို အလေးထားဆောင်ရွက်ကြရန်ပြောကြားသွားသည် ။
ဆက်လက်၍ UNEP (United Nations Environment Programme) မှ ပေးပို့လာသော ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ Video Clip ကိုပြသခြင်းနှင့် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆု ရရှိခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့ အ.ထ.က (၄) ကျောင်းကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အ.ထ.က (၅) ကျောင်းကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဦးခွန်သိမ်းမောင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ အ.ထ.က (၂) ကျောင်းကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ်တို့မှ အသီးသီး ဆုချီးမြှင့်ပေးကြသည်။
ထို့နောက် ဆုရရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း ) ဟဲဟိုးမြို့ အ.ထ.က (၄) ကျောင်း၏ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းအကောင်အထည်ဖော်သော ဆောင်ရွက်ခဲ့မှု မှတ်တမ်း Video Clip ကို ပြသပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ