×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး ဇွန် - ၇

Untitled 1
အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံး မှ ပန်းခင်းစီမံချက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇွန် (၇) ရက် မွန်းလွှဲ ၂ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာ ရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း “ ဟူသော စီမံချက်နှင့် ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့ကစပြီး တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများ၌ နိုင်ငံ သားစိစစ်ရေးကတ်ပြားမရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများတွေ့ရှိရပြီး နိုင်ငံသားမဟုတ်သူများ ၊ အသက် (၁၈) နှစ် မပြည့်သေးသူများ ၊ မဲပေးပိုင်ခွင့်မရှိသူများလဲ ပါဝင်နေပါကြောင်း ၊နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေး ပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်နေပါကြောင်း ၊ “ပန်းခင်း” စီမံချက် ကို တိုင်းဒေသကြီး ပြည်နယ် အလိုက် တစ်နိုင်ငံလုံးတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ် ပြားထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃) ရက် (၁၈) လကြာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ၊ ယခုလိုဆောင်ရွက်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ရသည့်အတွက် ပြည်သူများအနေဖြင့် လိုအပ်သော အထောက်အထားများ မှန်ကန်ပြည့်စုံစွာ ဖြည့်တွေးဆောင် ရွက်ပေးကြရန်နှင့် ရရှိပြီးသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်း ၊ ယနေ့တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပြီး ဖြစ်သည့် စုစုပေါင်း နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၄၅) ခု နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၂၉၀) ခုကို ပေးအပ် သွားမည်ဖြစ်ကြောင်းပြောကြားသွားသည်။
ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ၊ တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စုမှ ကျေးရွာနေပြည်သူများတို့အား ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်စံ တို့မှ အသီးသီးပေးအပ်ကြပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုအား ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နှင်းရီထွေး မှ ကျေးဇူး တင်စကားပြန်လည်ပြောကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ