We have 64 guests and no members online

×

Warning

JUser: :_load: Unable to load user with ID: 43

တောင်ကြီး ဇွန် - ၈

72
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် တည်ဆောက်မည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပတ်သက်၍ GIC Group, ဖြူစင်ကုမ္ပဏီအုပ်စု, ဝမင်းကော်ပိုရေးရှင်း, အောင်မြင့်မိုလ် ကုမ္ပဏီနှင့် တောင်ကြီးချမ်းသာကုမ္ပဏီတို့မှ ဇွန်(၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကိုဗစ်ရောဂါကာလတွင် လုပ်ငန်းများ နှောင့်နှေးပြီး ရပ်တန့်သွားရပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး တို့ကို တွန်းတွန်းတိုက်တိုက် ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရှမ်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျယ်ပြန့်ပါကြောင်း၊ အဓိကလုပ်ငန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တွန်းတွန်း တိုက်တိုက် ကြိုးစားပေးကြရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကျေးလက်နှင့် မြို့ပြကွာဟမှု မရှိစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ မှာကြားထားပါကြောင်း၊ နိုင်ငံတော်က သတ်မှတ်ထားသည့်အတိုင်း လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေးကဏ္ဍ၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ စသည်တို့ကို ဦးစားပေး မဖြစ်မနေကြိုးစားဆောင်ရွက်ပေးရန် မှာကြားလိုက်ပါကြောင်း၊ ယနေ့လာရောက်ရှင်းပြသည့် ကုမ္ပဏီများမှလည်း မှာကြားလိုက်သည့် လုပ်ငန်းများနှင့် ဆက်နွယ်မှုရှိပါကြောင်း၊ ယခုလုပ်ငန်း ကိုအကောင်အထည်ဖော်လိုက်ပါက မြို့ပြလောက်နီးပါး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယခုလာရောက် ရှင်းလင်းသည့် ကုမ္ပဏီများမှလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးရန်နှင့် မိမိတို့ဘက်ကလည်း လိုအပ်သည်များရှိပါက ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ကုမ္ပဏီများကိုယ်စား ဖြူစင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မည့် အချက်အလက် များကို ရှင်းလင်းပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေး တင်ပြရှင်းလင်းကြ၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်အပေါ် ဖြည့်ဆည်းပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ