We have 118 guests and no members online

ကွမ်းလုံ ဇွန် - ၁၇

77
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ချင်းရွှေဟော်မြို့အနီး ကွမ်းလုံမြို့နယ်အပိုင် ရွှေကူးငါးကျေးရွာတွင် ကိုဗစ်-19 Swap နမူနာ ရယူစစ်ဆေးဆောင်ရွက်ရန် မြေနေရာလျာထားသည့် နေရာသို့ ဇွန်(၁၁)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ချင်းရွှေဟော်မြို့ နှစ်နိုင်ငံ နယ်နိမိတ်အငြင်းပွားနေသည့် မြေနေရာနှင့် Bp 144/3 အနီးရှိ ချင်းရွှေဟော် မိန်းတိန် ဒုတိယနယ်စပ် ဂိတ်ပေါက် ဖွင့်လှစ်မည့်နေရာ၊ ချင်းရွှေဟော်မြို့ရှောင်လမ်း ဖောက်လုပ်မည့်နေရာ၊ BP 125 ရန်လုံကျိုင်း နယ်စပ် စစ်ဆေးရေး ဂိတ်နှင့် လက်ဖက်ခြောက်စက်ရုံတွင် ထားရှိမည့် RT(PCR)စက်အား သွားရောက် ကြည့်ရှုကြပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရှိရသည်။