We have 485 guests and no members online

လားရှိုး ဇွန် - ၁၇

78
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ဇွန်(၁၄)ရက် နံနက်(၁၀)နာရီက လားရှိုးမြို့ ရန်တိုင်းအောင်စေတီတော်အဝင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။
ကွန်ကရစ်လမ်းဖွင့်ပွဲကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗမော်ကွန်းအား အမွှေးနံ့သာပက်ဖျန်းပေးကြပြီး အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးပေး၍ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး အလှူငွေများ ပေးအပ်လှူဒါန်း ပေးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် တပ်မတော်စစ်ဆေးရုံ အမှတ်(၉/၁၀၀)သို့ သွားရောက်ကာ ဆေးရုံတွင် လာရောက်ဆေးကုသခံယူနေသော လူနာများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၉) တပ်မတော်စစ်ဆေးရုံ ခုတင်(၁၀၀)အတွက် အလှူငွေကျပ် သိန်း(၄၀၀) ပေးအပ်လှူဒါန်းရာ စစ်ဆေးရုံ တာဝန်ခံဆေးမှူးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက ဆေးရုံတွင် လာရောက်ဆေးကုသခံနေသော လူနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကာ အားပေးစကားပြောကြား ပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ပတ်ဝန်းကျင်ကို ယုံစရာမလိုကြောင်း၊ မိမိကြိုးစားမှသာ မိမိရရှိမည်ဖြစ်ကြောင်း၊ ကျောင်းများ (၁)နှစ်ပိတ်ထားသောကြောင့် အသက်ကကြီးပြီး အတန်းက (၁)နှစ်ငယ်နေမှာဖြစ်ကြောင်း၊ နိုင်ငံတော်က အခက်အခဲကြားက ပြန်လည်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ COVID-19 ရောဂါ တတိယလှိုင်းကြီး ကူးစက်လာသောကြောင့် ကျောင်းသား၊ ကျောင်းသူများ အခြားသောနေရာသို့ မသွားကြရန်နှင့် အိမ်မှကျောင်းကိုသာသွားကြရန်၊ ကျောင်းကိုလည်း ပျက်ရက်မရှိ ကြိုးစားတက်ရောက်ပေးကြရန် ပြောကြားသွားကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ