We have 181 guests and no members online

တောင်ကြီး ဇွန် - ၁၈

80
ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လွယ်ကူချောမွေ့စေရေး စကားဝိုင်းဆွေးနွေးပွဲကို ဇွန်(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပတဲ့ စကားဝိုင်းဆွေးနွေးပွဲသည် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၀၉)ကို ပြန်လည်သုံးသပ်သည့် Follow Up အစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ Shan State Investment Forum (SSIF-2019)အပြီး ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍတွင် Investment များဘယ်လောက်ဝင်လာသလဲ၊ ဘာတွေက အဟန့်အတားဖြစ်နေလဲ၊ စသည့်အကြောင်းများကို ယနေ့ စကားဝိုင်းဆွေးနွေးပွဲ (Dialogue) တွင် ဆွေးနွေးသုံးသပ် ကြမှာဖြစ်ကြောင်း ၊ စိုက်ပျိုးရေး မွေးမြူရေး ကဏ္ဍများသည် မိမိတို့ ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွင် အဓိက ကျသည့် ကဏ္ဍ ၂ ခု ဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အစီရင်ခံစာ (၂၀၁၇) ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှုပြပွဲ (၂၀၁၇) နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေး စီမံကိန်း ( ၂၀၂၀ - ၂၀၃၀ ) တို့တွင် အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တွင် ထုတ်ပြန်ထားပြီးဖြစ်ပါ ကြောင်း၊ ယနေ့စကားဝိုင်းတွင် စိုက်ပျိုးရေးကဏ္ဍ၌ တွေ့ကြုံနေရသည့် အဟန့်အတား အခက်အခဲများ ၊ အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖော်ထုတ်သွားကြရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် သွင်းအားစု လုပ်ငန်းရှင် များမှအစ ဘဏ်လုပ်ငန်းရှင်များအထိ ဖိတ်ခေါ်ထားသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် အပြန်အလှန် အကျေအလွယ် ဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလေးနိုင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေအား ရှင်းလင်းဆွေးနွေးပြီး ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဦးက စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းကာ စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးကြကြောင်းနှင့် ဆွေးနွေးပွဲ နေ့လည်(၁၂)နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပေဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြ ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ