We have 158 guests and no members online

တောင်ကြီး ဇွန်-၂၁

81

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၈)အလတ်စား စက်ပြင်အလုပ်ရုံ ရွှေညောင်မြို့တွင် (၁/၂၀၂၁) လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်းကို ဇွန်(၂၁)ရက် နံနက်(၉)နာရီက အဆိုပါစက်မှုလယ်ယာဦးစီးဌာန၌ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက စက်မှုလယ်ယာဦးစီးဌာန၏ အဓိက ရည်မှန်းချက်က လယ်ယာလုပ်ငန်းခွင်တွင် စက်မှုလယ်ယာစနစ် ကူးပြောင်းရေးဖြစ်ပါကြောင်း၊ယနေ့ဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲမှုများနှင့်လုပ်သားအင်အားရှားပါးမှုပြဿနာများကြောင့် လယ်ယာလုပ်ငန်းခွင်တွင် စက် မှုလယ်ယာ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာကူး ပြောင်းရေးအတွက် လုပ်ငန်းရပ်များ ဖြစ်သည့်လယ်ယာဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး၊စက်မှုလယ်ယာစနစ်ကျင့်သုံးနိုင်သည့် လယ်ယာမြေများတိုးတက်ပေါ်ထွန်းလာစေရေး၊လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများ တိုးတက်သုံးစွဲလာစေရေး၊ တောင်သူပိုင်လယ်ယာသုံး စက်ကိရိယာများကိုစနစ်တကျနှင့်အလွယ်တကူပြင်ဆင်ပေးနိုင်ရေး၊စက်မှု လယ်ယာ အသိပညာများ လေ့ကျင့်ပညာပေးရေးနှင့်သုတေသနလုပ်ငန်းများဖွံ့ဖြိုးလာစေရေးစသည့်လုပ်ငန်း များကို စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာသုံးစက်ကိရိယာပြင်ဆင်ထိန်းသိမ်းမှုသင်တန်းများကိုစက်မှုလယ်ယာစခန်းများတွင် (၂)ပတ်သင်တန်း၊ စက်ပြင်အလုပ်ရုံများတွင်(၄)ပတ်သင်တန်းနှင့် စက်မှုလယ်ယာသင်တန်းကျောင်းများတွင်(၂)လသင်တန်း ဟူ၍သင်တန်းအမျိုးအစားများခွဲခြားဖွင့်လှစ်ပေးလျက်ပါကြောင်း၊ ယခုသင်တန်းများတက်ရောက်ပြီးစီးပါက လယ်ယာသုံး စက်ကိရိယာများနှင့် ပတ်သက်သည့်အခြေခံမှစပြီးမိမိကြိုးစား လျှင်ကြိုးစားသလောက်အသက်မွေး ဝမ်းကျောင်းပညာအထိပါ တက်ရောက်အောင်မြင်သွားမှာဖြစ်ကြောင်း၊ယနေ့သင်တန်းကိုတက်ရောက်နေသည့် သင်တန်းသားများသည်သင်တန်းကာ လအချိန်တိုအတွင်းသင်ကြားပို့ချပေးမှုကို သေချာလေ့လာမှတ်သားပြီးလုပ် ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်အောင် ကြိုးစားကြရန်နှင့် သင်တန်းမှချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများကိုလည်းလိုက်နာပြီး သင်တန်းပြီးဆုံးအောင် ကြိုးစားတက်ရောက်ရန် နှင့်ယခုချိန်တွင်ဖြစ်ပွားနေသောCovid-19 ကပ်ရောဂါကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ကြရန်ပြောကြားသွားသည်။
ဆက်လက်၍စက်မှုလယ်ယာဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးသောင်းထိုက်မှ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီးပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အဖွဲ့ဝင်များနှင့်တာဝန်ရှိ သူများက ခင်းကျင်းပြသ ထားသော လယ်ယာသုံးစက်ကထိရိယာများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းကို တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်နှင့် ပအိုဝ်း ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သင်တန်းသား (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် (၂၁) ရက်မှ ဇူလိုင် (၁၈) ရက်ထိ သင်ကြားပို့ချသွားမှာဖြစ်ကြောင်းသိရသည်။
စက်မှုလယ်ယာဦးစီးဌာန အနေဖြင့်ဝန် ဆောင်မှုလုပ်ငန်းများမှာ ရှမ်းပြည်နယ်တွင်စက်မှုလယ်ယာစခန်း(၅)ခု၊ စခန်းဆွယ်(၃)ခုနှင့် စခန်းခွဲ(၇)ခုဖွင့်လှစ်ထားရှိပြီး ထွန်စက်ကြီး(၉၂)စီး၊ ရိတ်သိမ်းခြွေလှေ့ရေးနှင့်ကောက်စိုက်စက် ဖြင့်စိုက်ပျိုးရေးလုပ်ငန်းများဝန်ဆောင်မှုပေးလျက်ရှိပြီးဝန်ဆောင်မှုလုပ်ငန်းများပိုမိုတိုးတက်လာစေရေးအတွက် ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုအ သင်း(၁၁)သင်းဖွဲ့စည်းပြီးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊စက်မှုလယ်ယာ စနစ်အပြည့်အဝကျင့် သုံးနိုင်သည့် လယ်ယာမြေများကို ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် နှစ်စဉ်ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိရာယခုနှစ် တွင် ဧက(၂၅၀)အပါအဝင်ဧက(၁၄၀၀)ဖော်ထုတ်ပြီးကုန်းမြင့်လယ်ယာမြေများကိုယခုနှစ်တွင်ဖော်ထုတ်ဧက (၁၂၄၀)အပါအဝင် (၃၀၃၆၂)ဧကဖော်ထုတ်ပြီးတောင်သူများလယ်ယာ သုံးစက်ကိရိယာများပိုမိုတိုးတက်သုံး စွဲလာနိုင်အောင်ထွန်စက်ကြီး၊ လက်တွန်းထွန်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေးကို စက်မှုလယ် ယာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တန်ဖိုးမြင့်လယ်ယာသုံးစ က်ကိရိယာများကိုအရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ရရှိနိုင်ရေးကိုသမဝါယမဦး စီးဌာန၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ နှင့်ချိတ်ဆက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ