We have 109 guests and no members online

တောင်ကြီး ဇွန်-၂၃

87

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် (၂၃)ရက် ညနေ (၃)နာရီက တောင်ကြီးမြို့၊ပြည်နယ်အားကစား ကွင်း၌ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင်နောက်ဆုံး ဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့် တာချီလိတ်ခရိုင် အသင်းတို့ ယဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင် အသင်းက (၄-ဝ) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲ တတိယဆုရရှိသော ကျိုင်းတုံခရိုင်အသင်းနှင့်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ကျပ် (၅) သိန်းစီတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့အတွင်းရေးမှူး ဦးနေလင်း နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် ဦးအောင်မြင့်တို့မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း ၊ ဒုတိယဆု ရရှိသောတာချီလိတ် ခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆု (၈) သိန်းကျပ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်သိန်းမောင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း ၊ အကောင်းဆုံး အားကစားသမားဆုဖြစ်သည့် ဂိုးအကောင်းဆုံး ၊နောက်တန်း အကောင်းဆုံး ၊အလယ်တန်းအကောင်းဆုံး ၊ရှေ့တန်းအကောင်းဆုံး ၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံး အားကစား သမားဆုရသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၁) သိန်းစီတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ပြည်နယ်ရဲမှူးချုပ်တင်ကိုကိုနှင့်ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံတို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း ၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အမျိုးသမီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ် နှင့် ငွေသားကျပ် (၁၀) သိန်းနှင့် ဆုဖလားတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းတို့မှ အသီးသီးဆုချီးမြှင့်ပေးကြောင်းသိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီ