We have 246 guests and no members online

တောင်ကြီး ဇွန် - ၂၅

Untitled 3
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်(၂၅)ရက်၊ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ယခုလို တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းနှင့် တွဲဖက်ဝန်ထမ်းများအား ထောက်ပံ့ပေးရာတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝန်ထမ်း (၃၆၄)ဦး ကို ဆန်၊ ဆီနှင့် ကြက်ဥထောက်ပံ့မှု တန်ဘိုး (၁၅၆၅၂၀၀)၊မတ်လတွင် ဝန်ထမ်း (၃၃၁)ဦးကို ဆန် ၊ဆီ၊ ကြက်ဥ၊ သကြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ခရမ်းချဥ်သီး ထောက်ပံ့မှု တန်ဘိုး (၂၅၁၉၆၀၀) ၊ဧပြီလတွင် ဝန်ထမ်း(၃၀၉)ကို ငွေသားဖြင့် ကျပ်(၁)သောင်းစီ၊ တန်ဘိုးထောက်ပံ့ငွေ (၃၀၉၀၀၀၀၀) ၊ ယခု ဇွန်လတွင် ဝန်ထမ်း (၃၂၃)ဦးကို သကြား၊ ခရမ်းချဥ်သီး၊ ကြက်သွန်နီ ၊ကြက်ဥ၊ ထောက်ပံ့ငွေတန်ဘိုး (၆၄၆၀၀၀၀)ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့် ယခု ကာလတွင် ရုံးကိုအချိန်မှန်တက်၍ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးရန်နှင့် covid-19ရောဂါ ပြန့်ပွား နေသောကြောင့် အထူးဂရုစိုက်ရန်၊ maskတပ်ပေးကြရန်၊ လက်များကို Hand Gel ဖြင့် ဆေးပေးကြရန် သတ်မှတ်ထား သည့် စည်းကမ်းအတိုင်း အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာပေးကြရန်နှင့် အသွားအလာဆင်ပေးကြရန်၊ ယခု ဝန်ထမ်းများကို ထောက်ပံ့ပေးမှုတွင် မိမိတို့ဘက်မှ သတ်အားရွေ့ ထောက်ပံ့ပေးပါကြောင်း၊ လုပ်ငန်းများကို အောင်မြင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း/ အရာထမ်းများ၊ တွဲဖက်ဝန်ထမ်းများကို သကြား၊ ခရမ်းချဥ်သီး၊ ကြက်သွန်နီ၊ကြက်ဥနှင့် ထောက်ပံ့ငွေများကို ရှမ်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲဝင်များ အသီးသီးထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ