တောင်ကြီး ဇွန် - ၂၅

Untitled 4
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီမှ COVID-19 ရောဂါ ဖြစ်စေမည့် ဗိုင်းရပ်စ်၊ ဗီဇပြောင်းမျိုးကွဲများအကြောင်း ဆွေးနွေးဟောပြောခြင်းကို ဇွန် (၂၅)ရက် ညနေ(၃)နာရီက ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်း က စည်းရုံးရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ အင်အားတောင့်တင်းပြီး စွမ်းအင်ထက်မြက်သော တပ်ဖွဲ့/ ဌာန ဖြစ်စေရန်၊ တပ်ဖွဲ့/ဌာနများအတွက် ကျစ်လစ်ခိုင်မာသော စည်းလုံးညီညွှတ်မှုကို တည်ဆောက်ရန်၊ ဒို့တာဝန်(၃)ပါး ကို ကာကွယ်စောင့်ရှောက်ရန်၊ တပ်ဖွဲ့ဝင်/ဌာန ဝန်ထမ်းများ၏ မိသားစုဝင်များကို တပ်ဖွဲ့ဝင်/ဌာန၏ အရံအင်အားများ အဖြစ် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင်ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊ မိမိ၏ မူလတာဝန်များကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ရမည့်အပြင် စည်းရုံးရေး လုပ်ငန်းတာဝန်များ ကိုလည်း တစ်ဘက်တစ်လှမ်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် ဆွေးနွေးရမည့် ခေါင်းစဉ်(၄)မျိုးအနက် (၂)မျိုးကို ဆရာဝန်ကြီးနှင့် ရဲမှူးတို့မှ ဟောပြောပေးသွားမှာ ဖြစ်ကြောင်း၊ ယခုအချိန်တွင် Covid-19 ရောဂါပိုးတွေ့ လူနာများလာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတ်မှတ်ထားသော ဆောင်ရန်၊ ရှောင်ရန်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးနှင့် ပတ်သက်၍ ရဲမှူးမှ ဟောပြောပေးမည့် အချက်များကိုလည်း အထူးဂရုပြု လေးစားလိုက်နာပြီး ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ဒေါက်တာ သူရိန်ထွန်းမှ Covid-19 ရောဂါဖြစ်စေသည့် ဗိုင်းရစ်ပ်၏ ဗီဇပြောင်းမျိုးကွဲများ အကြောင်းနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယ ရဲမှူး အောင်စိုးမှ မိမိနှင့်မိမိပတ်ဝန်းကျင် လုံခြုံမှု အစဉ်သတိပြု အကြောင်း ရှင်းလင်းပြောကြားသွားကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ