တောင်ကြီး ဇွန် - ၂၆

Untitled 5
(၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန် (၂၆) နံနက် (၈)နာရီက ရှမ်းပြည်နယ် ၊တောင်ကြီး မြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ဒီကနေ့သည် (၃၄) ကြိမ်မြောက် မအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျေက်ရေးနေ့ဖြစ်ပြီး ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် သိမ်းဆည်းရမိခဲ့သည် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်ပါကြောင်း ၊ တပ်မတော် ၊မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့များဟာ နှစ်စဉ်မူးယစ်ဆေးဝါး ထုတ်လုပ် ၊သယ်ဆောင် ၊ ရောင်းဝယ်မှုများကို အရှိန်အဟုန်မြှင့် စုံစမ်းဆောင်ရွက်ခဲ့ကြသဖြင့် ဖမ်းဆီး/သိမ်းဆည်းရမိခဲ့သည့် ထုထည်ပမာဏများစွာ သော မူးယစ်ဆေးဝါး ၊အစပျိုးဓါတု ပစ္စည်းများကို ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့တွင် သာမက မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာအနေနှင့် ရန်ကုန် နှင့် မန္တလေးမြို့တို့တွင်လည်း ယနေ့တွင် တစ်ပြိုင်နက် ဖျက်ဆီးသွားမှာဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် အတွင်းဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် အစပျိုးဓါတုပစ္စည်းများကို နှစ်အလိုက် နှိုင်းယှဉ်ကြည့်ရင် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၉) သန်း ၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၁၅၀)ကျော် ၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ (၆၅၁)သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း ၊ ယနေ့ တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမျာ အမေရိကန် ဒေါ်လာ (၃၅၁) သန်းကျော်ဖြစ်ပြီး တောင်ကြီး ၊ ရန်ကုန် နှင့် မန္တလေး အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်း (၆၆၇.၉၁၂၉) သန်း တန်ဖိုးရှိ မူူးယစ်ဆေးဝါးများနှင့် အစပျိုး ဓာတုပစ္စည်းများ ၊ဆက်စပ်ပစ္စည်းများကို မီးရှို.ဖျက်ဆီးသွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် နှစ်စဉ် မူးယစ်ဆေးဝါးပမာဏများစွာ ဖမ်းဆီးရမိ အရေးယူနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ၏ လူမှုပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်သည် ကြီးမားကျယ်ပြန့်လျက်ရှိနေဆဲဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံအနေနှင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန် အဖြစ်ခံယူပြီး ကမ္ဘာ့မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများကို ပြဌာန်းချက်များနှင့် အညီ နိုင်ငံတကာ နှင့်လည်း ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိပါကြောင်း ၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မဟာဗျူဟာ နည်းဗျူဟာများ ချမှတ် ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးအန္တရာယ်သည် ချိန်းခြောက်လျက်ရှိနေဆဲဖြစ်ပါကြောင်း ၊ မူးယစ်ဆေးဝါး ပြသနာ လျော့ချရေးအတွက် ဖမ်းဆီး အရေးယူ အပြစ်ပေးခြင်းတစ်ခုတည်း ဆောင်ရွက်၍ မရသည့်အတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ အရပ်ဖက် အဖွဲ့အစည်းများကလည်း ဘက်ပေါင်းစုံမှ နည်းလမ်းမျိုးစုံ ကဏ္ဍမျိုးစုံ ပါဝင်သည့် ချဉ်းကပ်မှုများ နှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်၍ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါး ဥပဒေနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ အသစ်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး မူဝါဒ ကို အကောင်အထည်ဖော်မည့် အမျိုးသား မဟာဗျူဟာ စီမံချက်တစ်ခုကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း ၊ ထို့ကြောင့် မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် လူထု လူတန်းစားအသီးသီး ၊ အဖွဲ့အစည်း အသီးသီးမှ လက်ရှိ အနေအထားထက် ပိုမိုပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အချိန်ကျရောက်ပြီဖြစ်ကြောင်း ၊ နိုင်ငံတော် အစိုးရမှ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်တွင် ပြန်သူများအနေနှင့်လည်း မိမိပတ်ဝန်းကျင်မှ လူငယ်လူရွယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု မပြုကြရန် စည်းရုံးဆွဲဆောင်သွားရင်း တားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာကြမည်ဆိုပါက မြန်မာနိုင်ငံသည် နိုင်ငံသား အားလုံးရည်မှန်းသည့် မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာမည့် ဖြစ်ပါကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတကား အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းပြီး မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက် နေသကဲ့ သို့ ပြည်သူလူထု တစ်ရပ်လုံးကလည်း မူးယစ်ဆေးဝါးအန္တရာယ်ကို အထူးဂရုပြုပြီး ကြိုတင်ကာကွယ်ရေးနှင့်တားဆီးနှိမ်နှင်းရေး လုပ်ငန်းများတွင် တက်တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စသည့်ဖြင့်ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တာရယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သေား သဝဏ်လွှာကို ပြည်နယ် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တာရယ် တားဆီးကာွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးလှဦးက ဖတ်ကြားပြီး ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တာရယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို.ဖျက်ဆီးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဧည့်သည်တော်များသည် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို လိုက်လံကြည့်ရူစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ထို့နောက် ပြည်နယ် စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်ဇော်မိုး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် ၊ ပြည်နယ် ဥပဒေ ချုပ် ဦးစိုင်းကျော်ဇံ နှင့် တာဝန်ရှိသူများက စက်ခလုပ်ခုံ နေရာ အသီးသီးတွင်နေရာယူ၍ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို စက်ခလုပ်နှိပ် မီးရှို့ဖျက်ဆီးခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် တောင်ကြီးမြို့ ၊အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်နှင့် ကယားပြည် နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း (၃၀၇၂) ကီလိုကျော် ၊ ဘိန်းဖြူ (၁၈၁၄) ကီလိုကျော် ၊စိတ်ကြွရူးသွပ်ဆေးပြား (၁၀၅) သန်းကျော် ၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် (၁၉၃၉)ကီလိုကျော် ၊ အိုက်စ်(၇၉၂၂)ကီလိုကျော် ၊ ဆေးခြောက် (၄၇၉) ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး (၁၃) မျိုးနှင့် ဓါတု ပစ္စည်း (၂၂) မျိုးတို့၏ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၆၂.၄၆၀၅) ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၅၁ သန်းကျော်အား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ