တောင်ကြီး ဇူလိုင် - ၂

Untitled 6
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ ဝင်ရောက်လာပါက အများပြည်သူ အကျိုးကိုရှေးရူ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်၍ ကိုယ်အပူချိန်မြင့်တက်လာခြင်း ၊ သံသယ လက္ခဏာများတွေ့ရှိပါက လက်ချောင်းထိပ်တွင် Pulse Oximeters ဖြင့် သွေးတွင်း အောက်စီဂျင် (SpO2)တိုင်းတာခြင်းအား ဆောင်ရွက်ပြီး SpO2 (၉၂)% အောက်ရှိသော ခရီးသွားများအား ခေတ္တနားနေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်စီဂျင် (၉၂)% အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ဆေးကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်များမှ ပေးဆောင်ရမည်ဖြစ်ပြီး ၊ ရှမ်းပြည်နယ် အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာသော ခရီးသွား ပြည်သူများ၏ အမည် ၊ နေရပ်လိပ်စာ ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းတင် ဆောင်ရွက်ခြင်း ၊ Stay At Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသောသူများအား (၁၀) ရက်အသွားအလာ ကန့်သတ်ထားရှိပြီး (၃) ရက်မြောက်နေ့တွင် RDT Test Kit ဖြင့် ပထမအကြိမ် ၊ (၇) ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်း (၂)ကြိမ် စစ်ဆေးဆောင်ရွက်ခြင်း ၊ ခရီးသည်များ ပါးစပ်နှင့် နှာခေါင်းစည်း ၊ Mask များ စနစ်တကျတပ်ဆင်နိုင်ရေး ပညာပေးကြီးကြပ် ၊ ကြပ်မတ် ဆောင်ရွက်သွားခြင်း စစ်ဆေးရေးဂိတ်များတွင် Covid (19) Positive လူနာများတွေ့ရှိပါက ရွာငံ ၊ ကလောနှင့် နောင်ချို ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခြင်း ၊ Covid – (19) ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သော Contact Person များကို ရွာငံ ၊ ကလော ၊ နောင်ချိုနှင့် အခြားသက်ဆိုင်သည့် မြို့နယ်များရှိ Community Based Facility Quarantine Center များသို့ ပို့ဆောင်၍ သွားလာမှု ကန့်သတ် ဆောင်ရွက်ခြင်း ၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် နှင့် လိုက်နာမှု မရှိပါက သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ နှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် Covid – (19) စစ်ဆေးရေးဂိတ်များကို ကလောမြို့နယ်၌ ရေယားဂိတ် ၊ ရွာငံမြို့နယ်တွင် ဆင်နတ်ချောင်းဂိတ် ၊ ရပ်စောက်မြို့နယ်တွင် ရပ်စောက်မြို့အထွက် မင်းကြီးသုံးပါးဂိတ် ၊ ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့အထွက် ဂိတ် ၊ တောင်ကြီးမြို့နယ်တွင် တောင်လေးလုံးကျေးရွာ ခေါင်တိုင်လမ်းခွဲဂိတ်များ ဖွင့်လှစ်ပြီး တောင်ကြီးခရိုင် အထွေထွေစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက ဇူလိုင် လ (၁) ရက်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာ ခေါင်တိုင် လမ်းခွဲဂိတ်တွင် တာဝန်ကျနေသောဝန်ထမ်းများအား PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ တောင်ကြီးခရိုင်အတွင်း Covid – (19) ရောဂါပိုးတွေ့ရှိမှုအခြေအနေမှာ တောင်ကြီးမြို့ပေါ်တွင် ကျား (၆၁) ဦး ၊ မ (၄၅) ဦး ဆေးရုံဆင်း (၁၅) ဦး ၊ ပေါင်း (၁၂၁) ဦး ၊ ညောင်ရွှေမြို့နယ်တွင် ကျား (၄) ဦး ၊ ကလောမြို့နယ်တွင် ကျား (၃၃) ဦး ၊ မ (၂၂) ၊ ပေါင်း (၅၅) ဦး ၊ ရပ်စောက်မြို့နယ်တွင် ကျား (၁၆) ဦး ၊မ (၁၄) ဦး ၊ ပေါင်း (၃၀)ဦး ၊ စုစုပေါင်း (၂၁၀) ဦး ရှိပြီး Quarantine Center ထားရှိမှုများမှာ တောင်ကြီးမြို့တွင် မိုးဂုတ်ဝိပသနာ ၊ ညောင်ရွှေမြို့တွင် အားကစားရုံ ၊ ကလောမြို့ တွင် မိုးကုတ်ဝိပသနာနှင့် န.တ.လ (အောင်ပန်း) ၊ ရပ်စောက်မြို့နယ်တွင် ကမ္မဌာန်းကျောင်း ၊ရွှေဘုံသာ ဘုရားကြီးကျောင်း ၊ တို့တွင် ဖွင့်လှစ်ထားကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ